Chapter 1-Encountering Failure

Start from the beginning
                                        

"ဟင်း"  ဟာအိုစိတ်ပျက်သွားမိသည်။

pdf file ရှာဖတ်လို့ရသော်လည်း ဟာအိုက
စာအုပ်ကိုင်ဖတ်ရမှ အားရသူဖြစ်သည်။
စာအုပ်က ခုနမှငှားသွားတာဆိုတော့ တစ်ပတ်လောက်တော့ သူ့လက်ထဲရောက်လာဖို့လမ်းမမြင်။ စာအုပ်တစ်အုပ်သာ ဖြစ်သော်လည်း သူ့ထက်အနည်းငယ်စောပြီး ငှားသွားသူကို မကျေနပ်ဖြစ်နေမိသည်။ ရှုံးတယ်ဆိုတဲ့ ခံစားချက်ကြီးကို ဟာအိုမုန်းသည်။

ထိုစဉ် ထိုစာအုပ်ကိုပိုက်ပြီး library ထဲဝင်လာတဲ့သူကို တွေ့လိုက်ရသည်။ ဒါခုန ဆောင်းဟန်ဘင်း ဆိုတဲ့ကျောင်းသားပင်ဖြစ်ရမည်။
ဟာအိုဝမ်းသာအားရဖြင့် ထိုသူထံ အပြေးသွားလိုက်သည်။

"ဟို"

ဟန်ဘင်း သူ့ဆီကို ပြေးလာသည့် ဆံပင်နီညိုရောင်လေးနဲ့ ကောင်လေးကို ကြောင်ကြည့်နေမိသည်။ 'ကိုရီးယားတော့ဟုတ်ဟန်မတူ။ ပါးဖောင်းလေးတွေဖြင့်  ကလေးလေးလို အလုံးလိုက်လေးပြေးလာသူက သူတို့ကျောင်းကရော ဟုတ်ရဲ့လား။
အထက်တန်းကျောင်းသားလေး အလည်လာရင်း လမ်းပျောက်နေတာများလား'

"ညီလေး လမ်းပျောက်နေလို့လား"

ဟာအိုကြောင်သွားမိသည်။ 'နောက်ဆုံးနှစ်BM major ကျောင်းသားသူ့ကို ညီလေးတဲ့လား' သူ့ရှေ့ က ယပ်တောင်သဏ္ဌာန်မျက်တောင်ရှည်များဖြင့်သူက ကြောင်ခြစ်ရာလို အစင်းလေးတွေပေါ်အောင်ပြုံးရင်းမေးလာခဲ့တော့ သူ ယောင်ပြီး ခေါင်းတောင်ငြိမ့်မိ မလိုဖြစ်သွားသည်။ 'ဒီကောင်ဘာလဲဟ'

" မဟုတ်ပါဘူး ငါကBM major နောက်ဆုံးနှစ်ကပါ မင်းက ဆောင်းဟန်ဘင်း လား? အခုဒီစာအုပ်ကို ငါလိုနေလို့ ပေးလို့ရမလား?"

တစ်ချက်လေးပင်မပြုံးပဲ အမိန့်ပေးသည်လည်းမဟုတ် ခွင့်တောင်းသည်လည်းမဆိုသာသည့် လေသံဖြင့်ပြောလာသူက ကူညီချင်စရာ ကောင်းမနေပါ။ ဟန်ဘင်းရဲ့ မာနကို လာစွနေသလိုပင်။

" မင်းက ဘယ်သူလဲ? ဒီစာအုပ်က ငါလိုအပ်လို့ငှားထားတာ မင်းလိုချင်ရင် ငါပြန်အပ်တဲ့အချိန်စောင့်"

ဟန်ဘင်း မျက်နှာကိုပြန်တည်ပြီး လေသံမာမာဖြင့်သာပြောလိုက်သည်။ တစ်ဖက်ကတောင် အကျောကြီးဖြင့်လာပြောနေမှတော့ သူ့ဘက်ကလည်းဖော်ရွေနေစရာအကြောင်းမရှိတော့။ နဂိုတည်းက
professorက အမှတ်အမှားအယွင်းမရှိကြောင်း Roll 1 ကို ကျန်းဟောက်ရသွားတာမှန်ကြောင်းပြောလိုက်၍စိတ်က သိပ်ကြည်တာမဟုတ်။

Binneul AssignmentWhere stories live. Discover now