'ဆောင်းဟန်ဘင်းနဲ့ အရှုံးဆိုတာ ဆက်စပ်လို့မရတဲ့ အရာ၂ခု'
"ဒီကောင် Roll 2ရလို့ ငုပ်တုပ်များသေသွားပြီလား စာဂျပိုးတွေများ အဖြစ်သည်းလိုက်တာ"
"ဟေ့ကောင်" ဆောင်းဟန်ဘင်းထံမှ ဘာစကားမှထွက်မလာတော့တာကြောင့် ဂယူ ဟန်ဘင်း ပခုံးကိုဆွဲလှုပ်လိုက်သည်။
ထိုအခါမှ အတွေးထဲနစ်မျောနေတဲ့ ဟန်ဘင်း
သတိဝင်လာသည်။
" ငါ့ကို ကျောင်းwebsiteက Roll No.တွေ တစ်ချက်ပြစမ်းပါ"
ဟန်ဘင်း အခုထိမယုံနိုင်သေးပါ။
"ရော့ ကြည့်"
ဂယူက သူ့ဖုန်းကိုထုတ်ပေးလာသည်။
ဟုတ်ပါသည် Roll 1 ဆိုတဲ့နေရာမှာ ခါတိုင်းလို ဟန်ဘင်းနာမည်မဟုတ်ပဲ ကျန်းဟာအို ဆိုသည့် နာမည်က နေရာယူထားသည်။ လက်မခံချင်လည်း လက်ခံရတော့မည်ပင်။
"ဟာအိုဟျောင်းက ကျောင်းပြောင်းလာတာတောင် Roll 1 တန်းရတာ တော်လိုက်တာနော်"
ယူဂျင်းက ယုန်လေးလိုမျက်လုံးဝိုင်းလေးတွေဖြင့် အထင်ကြီးစွာပြောလာသည်။
အခုဟာအို က Business Plan ပြိုင်ပွဲဝင်ဖို့ Macbook တစ်လုံးဖြင့် အလုပ်ရှုပ်နေတာဖြစ်သည်။ တစ်ယောက်တည်းလုပ်လို့ရသော်လည်း ယူဂျင်းက သူလည်း အတွေ့ကြုံရအောင်ပါချင်တယ် ပြောလာသဖြင့် သူတို့အတူ SNUရဲ့ libraryကို ရောက်လာတာဖြစ်သည်။
ယူဂျင်းရဲ့ စကားကို အပြုံးဖြင့်သာတုံ့ပြန်ပြီး စာအုပ်စင်တွေဘက်ကိုထွက်လာခဲ့လိုက်သည်။ ဟာအို Project Management စာအုပ်တစ်အုပ်ကို library တစ်ခုလုံးပတ် ရှာနေသော်လည်း အခုထိမတွေ့သေးပေ ။ ထို့ကြောင့် စာကြည့်တိုက်မှူးကိုမေးရန် library counterကို ထွက်လာခဲ့လိုက်သည်။
" Lynda Bourneရဲ့ Making Project Work ဆိုတဲ့ စာအုပ်များရှိလားဗျ ကျွန်တော်ရှာနေတာမတွေ့လို့ပါ"
"ခဏလေးနော် list ကြည့်ပေးမယ်"
ဝန်ထမ်းအစ်မက ပြောရင်းဖြင့် ကွန်ပျူတာကီးဘုတ်ပေါ် လက်ချောင်းတချို့ လှုပ်ရှားလိုက်သည်။
"အဲ့စာအုပ်က ခုနတင် ဆောင်းဟန်ဘင်းဆိုတဲ့ ကျောင်းသား ငှားသွားပါတယ်"
ESTÁS LEYENDO
Binneul Assignment
Fanfictionကျောင်းသားဘဝတည်းက ပြိုင်ဆိုင်ခဲ့တဲ့၂ယောက်က လုပ်ငန်းရှင်တွေဘဝမှာလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လာတဲ့အခါ အနိုင်ယူလိုစိတ်တွေဖုံးနေတဲ့၂ယောက်က သူတို့ရင်ထဲကအသံကိုနားထောင်ဖြစ်ပါ့မလား
Chapter 1-Encountering Failure
Comenzar desde el principio
