Chapter 1-Encountering Failure

Start from the beginning
                                        

စာဆက်ဖတ်လို့မဖြစ်တော့သည့်သတင်းကြောင့် ဒီလိုသတင်းကိုLibraryထဲမှာမှ လာပြောသည့် သကောင့်သား ကင်မ်ဂယူ ကို ပခုံးကနေ ဆွဲပြီးlibrary အပြင်ကိုခေါ်ထုတ်လာလိုက်သည်။

အပြင်ရောက်မှ

" မင်းခုနပြောတဲ့ ကျန်းဟောက်ဆိုတာ ဘယ်သူလဲ"

"အဲ့ဒါကြောင့် စာချည်းလုပ်မနေနဲ့ ပတ်ဝန်းကျင်လေးဘာလေးလေ့လာလို့ပြောတာ"

ဂယူဘင်းက နိုင်ကွက်ပေါ်လာတုန်းလေး  အပီနှိပ်မယ်ဆိုတဲ့ မျက်နှာဖြင့်ပြောလိုက်သည်။ ဟန်ဘင်းကလည်း ဟန်ဘင်းပဲ Majorကို ကျောင်းသားသစ် ရောက်တယ်ကြားသော်လည်း သိပ်အာရုံမထားခဲ့မိ

ကိုယ့်အပြစ်နဲ့ကိုယ်ဆိုသော်လည်း ဟန်ကိုယ့်ရဦးမယ်လေဒါကြောင့် ရုပ်တည်ဖြင့်

"အောင်မယ် တစ်ကျောင်းလုံးပတ်မေးကြည့် ငါနဲ့မသိတဲ့သူဘယ်သူရှိလဲလို့"

"ဟုတ်ပါပြီ BM majorရဲ့ မင်းသားလေးရယ်
ငါက ဆက်ပြောရဦးမှာလား"

"ပြောလေ မင်းဘာသာမဆိုင်တာတွေပြောပြီး လေကြောရှည်နေပြီးတော့"

"ဟုတ်ပါပြီ ကျွန်တော်မျိုးအမှားပါ
ကျန်းဟောက်က Fujian တက္ကသိုလ်တုန်းကလည်း Roll 1 တဲ့ အခုငါတို့ SNUကိုtransferလုပ်လာတော့လည်း အခုsemမှာRoll 1 ရသွားတာ မင်း Roll 2 ဖြစ်သွားပြီ"

ဟန်ဘင်း စိတ်ထဲတွင် အတော်လေးတုန်လှုပ်သွားမိသည် ဟန်ဘင်း ငယ်ငယ်တည်းက ပထမဆိုတာတွေချည်းရလာခဲ့တာဖြစ်သည်။ ထိုသို့ရအောင်လည်း သူ့ဘက်က ကြိုးစားသလို မိဘများကလည်း အပြည့်အဝထောက်ပံ့ပေးထားသည်။ ဟန်ဘင်းက Sung Group ရဲ့ တစ်ဦးတည်းသောသားဖြစ်သည်။

ဒါကြောင့်လည်း ကျောင်းပြီးရင် အမွေဆက်ခံနိုင်အောင် SNUတွင် Business major ယူခဲ့တာ။ သူ့မိသားစုကလည်း အဖက်ဖက်က အပြစ်ပြောစရာမရှိအောင် ဘက်စုံထူးချွန်တဲ့သူ့အပေါ် အတော်လေးမျှော်လင့်ထားခဲ့သည်။  အခုသူ့ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ဒုတိယဆိုတဲ့ နေရာကြီးကိုရလာခဲ့ပြီ သူ့မိသားစုက သူ့ကိုစိတ်ပျက် သွားတော့မှာလား သူ့ကိုအရှုံးသမားတစ်ယောက်လို တက်ဆံတာမျိုးသူမလိုချင်ပါသူအရှုံးကိုမုန်းသည်။

Binneul AssignmentWhere stories live. Discover now