Chapter 1-Encountering Failure

Start from the beginning
                                        

Production director အကြောင်းသိပြီးသားမို့ BODများရှေ့မှာ ဟန်ဘင်းကို ဥက္ကဋ္ဌနေရာနဲ့မထိုက်တန်သည့်ပုံစံပြောရန် တမင်ဝင်နှောက်ခြင်းမှန်းသိလိုက်သည်။ အရင်က အဖေ့မျက်နှာကြောင့်လွှတ်ပေးထားသော်လည်း အခုတော့ ဒီတိုင်းထားလို့မဖြစ်တော့ချေ။

"မင်းတို့ကို ငါအမြဲပြောပြီးသား ငါတို့က differentiate strategyနဲ့သွားနေတာ production costကို အရမ်းထည့်စဉ်းစားနေလို့မရဘူး ငါတို့ရဲ့target customerက ပိုက်ဆံသုံးနိုင်ပြီး သူများနဲ့မတူတဲ့ luxury feelingနဲ့ High Quality လိုချင်တဲ့သူတွေ"

ဟန်ဘင်း ဒေါသသံကိုထိန်းပြီးပြောလိုက်သည်။ သူ့projectနှောင့်နှေးသွားလို့ထက် တစ်ဖက်က Zhang grouo ဖြစ်နေတာက သူ့ကို ပိုခံရခက်စေသည်။

"ထပ်ပြီးတော့ ကျန်းဟောက်ပဲလား ဘာလို့အမြဲတမ်း မင်းဖြစ်နေရတာလဲ" ဟန်ဘင်းရဲ့အတွေးတွေက သူ့ဘဝ​၏ပထမဆုံးအရှုံးကို ရင်ဆိုင်ခဲ့ရတဲ့နေ့ရက်တွေဆီကို ပြန်ရောက်သွားမိသည်။

သာယာတဲ့နံနက်ခင်းလေးမှာ ဆောင်းဟန်ဘင်း
တစ်ယောက် Project Management စာအုပ်
တစ်အုပ်ဖြင့်ငြိမ့်နေသည်။ SNUရဲ့ Business Plan ပြိုင်ပွဲဝင်ဖို့ သူစာလာဖတ်နေတာဖြစ်သည်။ ထိုသို့အေးချမ်းနေတဲ့သူ့မနက်ခင်းလေးကို အသံဆိုးဖြင့်ဖျက်ဆီးလိုက်သူကတော့ ကင်မ်ဂယူဘင်း ဖြစ်သည်။

"ရား!!! ဆောင်းဟန်ဘင်း မင်းက ဒီမှာစာလာဖတ်နေနိုင်သေးတယ်နော်"

"ဘာဖြစ်လို့လဲ"

"Roll တွေထွက်နေပြီကွ"

"ဘာများလဲလို့ ငါဘယ်တုန်းကကြည့်ဖူးလို့လဲ Business Management Majorရဲ့Roll 1 က အမြဲငါပဲဟာ"

ဟန်ဘင်းက ဖတ်လက်စစာအုပ်ကိုနောက်စာမျက်နှာလှန်ရင်း စိတ်မဝင်စားသလိုဟန်ဖြင့်ပြောလိုက်သည်။

"အခုမဟုတ်လို့ပေါ့ကွ Roll 1 က Fujian တက္ကသိုလ်က ပြောင်းလာတဲ့ တရုတ်ကျောင်းသား ကျန်းဟောက် တဲ့"

"ဘာ"

ဟန်ဘင်းအော်သံကြောင့် Library ထဲက သူတွေရဲ့စိတ်အနှောင့်ယှက်ဖြစ်ဟန်အကြည့်တွေက ဟန်ဘင်းထံရောက်လာသည် ဟန်ဘင်းလည်းBM majorရဲ့ Prince Charming သိက္ခာလေးကို အပြုံးလေးဖြင့်ပြန်ထိန်းလိုက်ရလေသည်။

Binneul AssignmentWhere stories live. Discover now