「 파트 - 2 」

Start from the beginning
                                        

ကြားဖြတ် တောင်းဆိုလာတဲ့ အဲဒီအသံဟာတော့ .. ကိုယ့် အရေပြားပေါ်မှာ သံမှိုရိုက်တာတင် မလုံလောက်လို့ ချုပ်စက်နဲ့ ဆွဲချုပ်ခံထားသလား ထင်ရတဲ့အထိ ..။

အကျွမ်းတဝင် တရင်းတနှီး ဖြစ်လွန်းနေတယ် ..။

" ခင်ဗျားလား "

" အင်း .. ကျွန်တော် "

" အခု လာခဲ့မယ် .. အဲဒီမှာ စောင့်နေ "

• • •

အဲဒီနေ့မှာ ဒုံဟျွန်း အိမ်က စထွက်တော့ အချိန်ကပဲ ည ဆယ့်တစ်နာရီလောက် ဖြစ်နေပြီ ..။

ညပိုင်း ရောက်လာပြီဆိုတော့လည်း ကျောင်းဝန်းအနီးအနားမှာ မနက်ကလို အစုအရုံးတွေနဲ့ တပျော်တပါး အုတ်အုတ်သဲသဲတွေ မဟုတ်ကြတော့ဘူးပေါ့ ..။ ' လိုင်ဘရီ ( library ) ' ထိုင်ဖို့ လာကြတဲ့ လူတွေက လွဲပြီး ဘယ်သူမှကိုတောင် သိပ်မတွေ့ရတော့ဘူး ..။

ဒုံဟျွန်းကလည်း အရင်က တစ်ခါမှ ညဘက် ကျောင်းမရောက်လာဖူးတဲ့အတွက် ကိုယ့်ကျောင်း ဒီလောက် ကမ္ဘာပျက်ကိန်းဝတ္ထု ဆန်နေမယ်လို့ မသိခဲ့ဘူး ..။

နဂိုကတည်းက လူပြတ်တတ်တဲ့ လမ်းကြားတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ် ..။ ပိစိညှောင့်တောင့် ပိုးကောင်တွေရဲ့ ရင်ကွဲအော်သံကိုတောင် နားအပါးမှာ အတိုင်းသား ကျယ်ကျယ်လောင်လောင် ကြားနေရတဲ့အထိ တစ်လမ်းလုံးက တိတ်ဆိတ်ငြိမ်သက်မှောင်မည်းနေတာပါပဲ ..။

ယုတ်စွအဆုံး အဲဒီလမ်းကို ဖြတ်လျှောက်လာရင်းကနေမှ ရုတ်ချည်း စိတ်ကျရောဂါ ရသွားတော့မလိုတောင် ဒုံဟျွန်းက ခံစားခဲ့ရတယ် ..။

• • •

ဟိုရောက်သွားတော့ ..

နာရီလက်တံက
ဆယ့်တစ်ခွဲကို ညွှန်ပြပြီးခါစ ..။

မှန်အကာတံခါးကို တွန်းဖွင့်ပြီးတာနဲ့ .. ရှာဖို့ အချိန် မိနစ်ဝက်လေးတောင်မှ မကြာလိုက်ရပါပဲ ..

အသက် ၄၀ ကျော် ၊ ၅၀ နီးပါးလောက် ရှိမယ့် လူတစ်ယောက်ရဲ့ မျက်နှာချင်းဆိုင် ခုံမှာ .. လျော့တိလျော့ရွဲ လျှောထိုင်နေတဲ့ အနက်ရောင်ဝတ် သူ့ကို ချက်ချင်း တွေ့လိုက်ရတယ် ..။

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now