「 파트 - 2 」

Start from the beginning
                                        

ကိန်းဂဏန်းတွေချည်းသာ စီတန်းထားတဲ့ ဖုန်းနံပါတ်အစိမ်းတစ်ခုမှ .. ဦးဆုံး ကြားသင့် ကြားထိုက်ပါသော အမေးစကားဟာ ဒုံဟျွန်း ဖုန်းကိုင်လိုက်တာနဲ့ကို တန်းပြီးတော့ ထွက်ပေါ်လာနေတယ် ..။

" ဟုတ်ကဲ့ ..။ ကျွန်တော်ပါ "

" အခု ရဲစခန်းက ဆက်နေတာပါ "

ရဲစခန်း ..။ ရဲစခန်း ..။ ရဲစခန်း ..။

ဘဝတစ်သက်တာမှာ ကိုယ် ဘယ်သောအခါမှ လက်ခံပြောဆိုရလိမ့်မယ်လို့ မထင်ထားခဲ့မိတဲ့ ဖုန်းအဝင်ကော(လ်)တွေထဲ .. ဒီဖုန်းဟာ အမြဲတမ်း ထိပ်ဆုံးကနေ ရပ်တည်ခဲ့တာပါပဲ။

ဒါပေမယ့်လည်း .. အဲဒီလူ သူ့ကြောင့်နဲ့ပဲ .. ဒီလို ဖုန်းကော(လ်)မျိုးက ဒုံဟျွန်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ဆက်သွယ်လာခဲ့တယ် ..။

" ဟုတ် .. ဘာကိစ္စရှိလို့လဲ မသိဘူး "

" ဒီမှာ .. ခင်ဗျား သူငယ်ချင်း ရန်ဖြစ်ပြီး စခန်းရောက်နေလို့ .. တက္ကသိုလ်ဝန်း ရဲစခန်းကို တစ်ဆိတ်လောက် လာခဲ့ပေးပါ "

" ဗျာ .. နာမည်က ဘယ်သူလဲဟင် "

" ဟန်ထယ်ဆန်းလို့ ပြောတယ် ..။ အသက်က ၂၃ "

ဒီနာမည်က ဘာလဲ ..။ ဘယ်သူလဲ ..။ အသက်ကတော့ ကိုယ်နဲ့ ရွယ်တူဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အသက်တူနေတိုင်းလည်း သူငယ်ချင်းတွေ ဟုတ်ချင်မှ ဟုတ်မှာပဲပေါ့ ..။

ဒါနဲ့ ပတ်သတ်လို့ ဒုံဟျွန်း အသေအချာ ပြောပြပေးနိုင်တာ တစ်ခုကတော့ .. ဒီနာမည်ဟာ ကိုယ် လုံးဝကိုမှ မသိနေတဲ့ အမည်နာမကြီးဆိုတာပဲ..။

ဦးနှောက်ထဲမှာ အမှန်တကယ်ကို
ဗလာ သက်သက်ကြီး ဖြစ်လို့နေတယ် ..။

" စိတ်တော့ မရှိပါနဲ့ ..။ ကျွန်တော့်မှာ အဲဒီလို နာမည်နဲ့ သူငယ်ချင်း မရှိဘူးဗျ ..။ လူမှားနေတာထင်တယ် "

" ဒါပေမယ့် .. ဒီက ကောင်လေးကတော့ ဟုတ်တယ်လို့ ပြော- "

" ခဏလောက် လာခဲ့ပေးလို့ ရမလား .. "

" .... "

ဘာလဲဟ ..။ ရင်းနှီးနေတယ် ..။
တော်တော်ကိုပဲ ..။

ရဲဝန်ထမ်း ပြောတဲ့ နာမည်ကို တစ်ခါမှ ယောင်ပြီးတောင် မကြားခဲ့ဖူးပေမယ့်လည်း ..

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now