「 파트 - 1 」

Start from the beginning
                                        

မှတ်မှတ်ရရရယ်ဆိုပြီး ရက်စွဲ မမှတ်ထားလိုက်မိတဲ့ နောက်တစ်နေ့မှာလည်း .. သူနဲ့ ဒုတိယအကြိမ် ထပ်တွေ့ခဲ့ရပါတယ်။

ပထမတစ်ခေါက် မဆုံခဲ့ဖူးရင်တော့ .. လက်ရှိအချိန်မှာ သူနဲ့ ကိုယ်ဟာ ဘာအကြောင်းနဲ့မှ ပတ်သတ်စရာ မရှိတဲ့ လူနှစ်ယောက် ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့ ..။

ဒါပေမယ့်လို့ .. သူနဲ့ ကိုယ်ဟာ တွေ့ဖူးတယ်။

' နေ ' လို့ အမည်ပေးထားကြတဲ့ လင်းထိန် အဝိုင်းဝါကြီးက သူ တစ်ညစာ ပုန်းခိုသင့်တဲ့ နေရာကို ရှာနေပြီ ..။

မကြာခင်ဆိုရင် အမျိုးစုံလှသော မှိတ်တုတ် ကြယ်တွေနဲ့ ဂျူတီ ချိန်းတော့မယ် ..။

ဒီတစ်ခါမှာတော့ .. သူက ဒုံဟျွန်းဆီကို လျှောက်လာသူ မဟုတ်နေပဲနဲ့ .. ဒုံဟျွန်းကသာ သူ့ဆီကို စိတ်လိုလက်ရ လျှောက်လှမ်းသွားသူ ဖြစ်ခဲ့ရတာပဲ ..။

" လှည့်ကွက် ( plot twist ) ဆိုတဲ့ အသုံးအနှုန်းကို .. ခင်ဗျား ကြားဖူးလား ..။ မိုးချုပ်တော့မယ်
ထင်လိုက်ပြီးမှ နေ ပြန်ထွက်လာတာမျိုးလေ .. "

ပြောရင်းကနေ .. စကား ခဏ ရပ်ပြီး
သူ့ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်တယ်။

ထူးဆန်းစွာပဲ .. ကိုယ်ပြောတာကို သူက လေးစားသမှုလေးနဲ့ တွေတွေဝေဝေ နားထောင်နေပါတယ်။ ဒုံဟျွန်း စကား စပြောတဲ့ အချိန်မှာတုန်းက သူ တပ်ထားခဲ့တဲ့ ကြိုးနားကြပ်ကို ဆွဲဖြုတ်လိုက်တာ ကိုယ် တွေ့သားပဲ ..။

" ခင်ဗျားနဲ့ ဆုံပြီးတဲ့နောက် .. ဒီရက်ပိုင်းတွေမှာ အဲဒီစကားလုံးအကြောင်းကို ကျွန်တော် အမြဲ တွေးနေမိတယ် ..။ စာရေးနေတဲ့ အချိန်မှာရော .. အိပ်မပျော်တဲ့ ညတွေမှာရော .. အခုရော "

ကြောင်တောင်တောင်တွေ လာပြောနေတဲ့ လူစိမ်းတစ်ယောက် အနား ရောက်လာတာက အလွန်တရာ စိတ်ကျဉ်းကြပ်ချင်စရာ ကောင်းတယ်ဆိုပေမယ့် .. သူ့အတွက်ကတော့ ဘာမှ အရေးတယူ မထူးခြားတဲ့ ပုံမှန်ကိစ္စရပ်လို အေးဆေးပဲ။

ကိုယ် ထင်ထားတဲ့အတိုင်း ဘာတစ်ခွန်းကိုမှ ခွန်းတုံ့ပြန် မပြောလာတာက လွဲလို့ ..

သူနဲ့ အတူ စကားပြောရတာဟာ လူတွေ မတွေးမိလောက်အောင်အထိ အလွန် အရမ်းကို မြင့်မားကျယ်ပြောလှတဲ့ တောင်စွန်းထိပ်ပေါ် .. တစ်ကိုယ်တည်း ရပ်နေရသလိုမျိုး .. ' သက်ငြိမ်အေးချမ်း ' တဲ့ ခံစားမှုကို ပေးနေတယ်။

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now