「 파트 - 1 」

Start from the beginning
                                        

ဒုံဟျွန်းကတော့ ထိုသူကို စောင့်နေရတယ်။

သူ ဘာများ ဆက်ပြောလာမလဲဆိုတာကို သူ့ဆီကနေ အကြည့်မလွှဲပဲ စိတ်ရှည်ရှည်နဲ့ ဆက်တိုက် စောင့်ပေးနေခဲ့တာပါပဲ ..။

ဒါပေမယ့်လည်း သူကတော့ ဘာဖြစ်လို့ ဒုံဟျွန်းရဲ့ မျက်လုံးကို အချိန်တိုင်း ဝေ့လည်ကြောင်ပတ် ရှောင်နေရတာလဲ ..။

သူ လုပ်နေတဲ့ ပုံစံက အကြည်ရောင် ပလတ်စတစ်အိတ်ထဲ ရောက်နေတဲ့ တရားမဝင် သေနတ်တစ်လက်လို တအား သိသာလွန်းနေတယ်။

ဒါကို ဒုံဟျွန်း မကြိုက်ဘူး။

သရုပ်ဆောင် ညံ့တဲ့ ကောင်လေးတွေဟာ ဘယ်တော့မှ ပဋိပက္ခတစ်ခုကို လှလှပပ အဆုံးသတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ကိုယ် ယူဆတယ် ..။

" ဟိုလေ .. ပြောဖို့ ကျန်နေသေးလား။ ကျွန်တော် လုပ်စရာလေး ရှိသေးတာ .. အဲဒါကြောင့် .. "

ဒါတောင်မှ .. သူက အားနာတဲ့ အရိပ်အယောင် မရှိ..။ ချက်ချင်း မပြောနိုင်ပဲ ငြိမ်နေသေးတယ်။

သူ့ကို ကြည့်ရတာက မွန်းကြပ်ဖို့ ကောင်းပြီး တစ်ချိန်တည်းမှာ အလွန်အကျူး တွေဝေနေတော့တာပဲ ..။ သူ့ မျက်ခုံးရိုးတွေဟာလည်း သိသိသာသာကို တွန့်ချိုးနေတယ်။

တစ်စက္ကန့် ..။

နှစ်စက္ကန့် ..။

နောက်ထပ် စက္ကန့်အနည်းအငယ်လောက် ထပ်ကြာတော့မှသာ သူ့ဆီကနေ စကား တစ်ခွန်းက ပီပီပြင်ပြင် ထွက်လာခဲ့တယ် ..။

" ဒီစာရဲ့ ပိုင်ရှင်က ကျွန်တော် မဟုတ်ပါဘူး " တဲ့။

ခုနက သူ ပြောခဲ့ဖူးပြီးသား စကားပါပဲ ..။

ဒါလေးအတွက်နဲ့ ဘာတွေများ ..
အဲဒီလောက်တောင် သူ တုန့်ဆိုင်းနေခဲ့ရသလဲ ..။

__________

⤷ 이 ∿

-" ဟိုနေ့က .. အစ်ကို့ နာမည်နဲ့ စာတစ်စောင် ကျွန်တော့်ဆီ ရောက်လာတယ် "

-" ဟင် .. ကိုယ့်နာမည် "

-" အင်း ..။ ဆောင်းဟိုလို့ ရေးထားတာတွေ့တယ် "

-" ဘာစာလဲ .. "

-" ရည်းစားစာ "

• • •

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now