「 파트 - 1 」

Start from the beginning
                                        

" ဘေဘီ .. ဒီမှာ ကြည့် ..။ script အဖွဲ့အသစ်ကဟယ် .. မနေ့ကတည်းက ငါ မပြောချင်လို့ ..။ နင့် ဇာတ်လမ်းကို ဟိုပြင်ဒီပြင်နဲ့ .. ချီးလို ပေါက်တတ်ကရတွေ ..။ အဲဒါ .. လာ လိုက်ခဲ့ဦး "

" ခဏ .. ခဏလေး အစ်မ။ လွှတ်ပါဦး .. "

အစကတော့ အစ်မက သူ(မ)ထက် ဝါနုသေးတဲ့ အဖွဲ့သားအငယ်လေးတွေကို တစ်ယောက်တည်း အားနဲ့ ပြောမနိုင်တော့တာကြောင့် .. မာန်မာနအရ ရှူးရှူးရှားရှားတွေ ဖြစ်ပြီး မခံမရပ်နိုင် စစ်ကူလာရှာတာပါပဲ ..။

" အစ်မ သွားနှင့်လိုက် ..။ နောက် ခဏနေရင် ကျွန်တော် လာမယ်လေ .. "

ဒါပေမယ့်လို့ အထင်နဲ့အမြင် ကွဲလွဲစွာ .. သူ(မ)ရဲ့ စစ်ကူပါတနာ ဒုံဟျွန်းဟာလည်း ဟိုငနဲလေးတွေ နည်းတူ .. နောက်ကနေ ချက်ချင်း လိုက်မလာနိုင်သေးတာကို သဘောပေါက်တော့ ..

သူ(မ) အလျင်စလို ဆွဲထားခဲ့တဲ့ ကိုယ့် လက်ကောက်ဝတ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆတ်ခနဲ ဆောင့်လွှတ်ချပစ်လိုက်တယ်။

စိတ်ကလည်း ကြီးလိုက်တာမှ .. လွန်ရောပဲ။
နောက်ပြီး ပွစိပွစိက ပြောသွားသေးတယ် ..။

" ဘာကောင်မှန်းကို မသိဘူး ..။ ပြောရဆိုရတာ အေးတိအေးစက်နဲ့ .. "

အစ်မ ပြောတာလည်း မှားနေတာမျိုး မဟုတ်တော့ ရယ်ကျဲကျဲ လုပ်ပြလိုက်ရုံက လွဲပြီး ဒုံဟျွန်း တတ်နိုင်တာ ဘာမှကို မတွေ့ဘူးပဲ ..။

• • •

ရူပဗေဒ သဘောတရားနဲ့အတူ .. လူတွေ ရွေ့လျားဖြတ်လျှောက်လေသမျှ အနောက်ကနေ လိုက်ပြီး ယိမ်းထိုးပေးနေတဲ့ လိုက်ကာအဝါနု အပါးကလေးတစ်စုံ .. သူတို့ ကလပ်အခန်းမှာ ရှိပါတယ် ..။

တခြားလူတွေ ..။ ကွဲပြားနေတဲ့ လိင်တွေ ..။
ပြီးတော့ .. မတူညီတဲ့ အသွင်အပြင်တွေ ..။

ဒိုင်ယာလောဂ့် အပြောကို မျက်နှာအမူအရာနဲ့တကွ လေ့ကျင့်သူက တစိုက်မတ်မတ် လေ့ကျင့်ရမယ့် အလုပ်ကို လုပ်ပြီး ..။

စင်ပေါ် ဝတ်ရမယ့် ဝတ်စုံဆိုလည်း ဝတ်စုံအလျှောက် .. စီစဉ်သူက စီစဉ်နဲ့ .. အနားမရသည်အထိ ပြေးပြေးလွှားလွှား အလုပ်ရှုပ်နေကြတဲ့ တိုင်အောင် ..

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now