「 파트 - 1 」

Start from the beginning
                                        

" ဒုံဟျွန်း .. "

တစ်ယောက်ယောက်က ရီမုတ်ကွန်ထရိုးနဲ့ ' ပါ့စ် ( pause) ' လုပ်ထားလိုက်တဲ့အလား .. ဘာလုပ်လို့ ဘာပြောရမှန်း မသိ ၊ နေရခက်စွာ နှစ်ယောက်စလုံး တောင့်မတ်နေကြရာကနေ ..

နာမည် လှမ်းခေါ်သံ ကြားတာမို့လို့ .. ဒုံဟျွန်းက လှည့်ကြည့်မိတော့ .. ခေါ်နေသူ ကယ်တင်ရှင်က ကိုယ်တို့ ကလပ်ရဲ့ စီနီယာအစ်မတစ်ယောက်ပဲ။

မိန်းကလေးတစ်ဦးအနေနဲ့ အရပ်ရှည်တဲ့အထဲ ပါပြီး ပန်းရောင်လှိုင်းတွန့်ဆံပင်တွေကို ရစ်ထုံးချည်ဖွဲ့ထားတဲ့ အဲဒီအစ်မက အရင်ဆုံး ဘာမှ ဆက်မပြောလာသေးပဲ .. ရုပ်သေနဲ့ ဘေးကပ် ရပ်နေတဲ့ သူ့ကိုသာ စူးစမ်းသလို တစ်ချက် စုန်ဆန်ကြည့်ရင်း ..

" သူငယ်ချင်း ရောက်နေတာလား " လို့ ဒုံဟျွန်းကို မေးလာတယ်။

အဲဒီလိုတွေ အမေးခံရတာကို ဟိုဘက်လူ ကြိုက် ၊ မကြိုက် ရှိသေးတာဆိုတော့ .. ဒီအချိန်အပိုင်းအခြားလေးမှာ အစ်မကို ဖြစ်ကြောင်းကုန်စင် ပြန်လည်ဖြေရှင်းပြဖို့က ဒုံဟျွန်းအတွက် ကြီးကြီးမားမား အခက်အခဲလိုပါပဲ ..။

" သူငယ်ချင်းတော့ မဟုတ်ဘူး .. ရတယ်။ ဘာပြောမလို့လဲ "

ကိုယ့်ကိုယ်ကိုယ်လည်း သိတယ်။ ဒီစကားကို ပြောနေတဲ့ အချိန် .. ကိုယ့် မျက်နှာဟာ နည်းနည်းတော့ ဆွဲခြစ်ဖဲ့ချင်စရာ ဖြစ်ရင် ဖြစ်သွားလိမ့်မယ်။

ဘေးက လူကတော့ မေးမနေပါနဲ့ ..။

ဘာအသံကြားကြား လှည့်မကြည့်တာတင် မက,သေးဘူး ..။ သူ့ဟာသူ ဖုန်းထုတ်ကြည့်နေပါတယ်ဆိုတဲ့ အထာဖမ်းလို့ .. စကားဝိုင်းထဲကို စိတ်ဝင်စားပုံတောင် ပြလာဖော် ရတာ မဟုတ်ဘူး။

သူ ဖြေပေးရမယ့် မေးခွန်း အရေးအရာ မဟုတ်တဲ့အတွက် .. ဂရုစိုက်စရာ မလိုဘူးလို့ပဲ တွက်ကပ်နေသလားတော့ ကိုယ်ကလည်း မပြောတတ်ဘူးပေါ့။

ဘယ်လို ဘယ်လိုပဲ ဖြစ်ပါစေ ..။

ဒုံဟျွန်းက .. ကိုယ့် ဒုက္ခနဲ့ ကိုယ်။ ခေါင်းတစ်ဝိုက်လုံး မူးနောက်ထုံကျင်နေလို့ စကားအကောင်း မထွက်နိုင်တာ ထား ..။

အနည်းဆုံး သူတစ်ယောက်ကတော့ လူမှုရေးအရ အသိအမှတ်ပြုပြီး အစ်မဘက် တစ်ချက်တစ်လေလောက် လှည့်ကြည့်ပေးလိုက်ဖို့ ကောင်းတယ် ထင်တာပဲ ..။

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now