「 파트 - 1 」

Start from the beginning
                                        

တခြားတော့ ဘာမှ သွားမလုပ်ပေးနိုင်ဘူးပေါ့။
သနားပါတယ်။ မေဂျာရွေးမှားတဲ့ သူတို့ ဘဝကလည်း ..။

-

[ -အကြောင်းအရာ- ]

အဲဒီအချိန်မှာပဲ .. ရယ်ရမလို ငိုရမလို ၊ ကသိကအောက် နိုင်ချင်စရာကတော့ ..။

ကိုယ် ကြုံခဲ့ရတဲ့ အဖြစ်ဟာ .. ကိုယ်တိုင်တောင် ယမကာဝေဒနာ မပျောက်သေးပါဘူးဆိုကာမှ ..
မတွေ့မမြင်ခဲ့ဖူးတဲ့ ယောက်ျားတစ်ယောက်ဆီကနေ ရုတ်တရက်ကြီး ရည်းစားစာ ပေးခံရတာပါပဲ ..။

ဒါပေမယ့် အဲဒါက ရှုပ်ထွေးနေတယ်။
သူကရော ဘယ်သူလဲ။

ပေးလာတဲ့ စာရွက်ကို လှမ်းယူရင်း
ပြုံးပြလိုက်ပေမယ့်လည်း ..

တစ်နေရာရာက မှားနေတယ်ဆိုတဲ့ အချက်ပြသံတွေက ဒုံဟျွန်းရဲ့ ဦးခေါင်း ပတ်လည်မှာ တပီပီ မြည်ခဲ့တယ် ..။

အဲဒီလူကို ဘယ်လောက်ပဲ
ထပ်ခါတလဲလဲ ကြည့်ကြည့် ..

ဒီလို မှုန်မှုန်မှိုင်းမှိုင်း မျက်နှာထားနဲ့ မျက်စံအညိုတွေဟာ .. ကိုယ့်ရဲ့ ဘယ်လိုသော အမှတ်ရသမျှ မှတ်ဥာဏ်အစိတ်အပိုင်း အတွင်းမှာမှ .. သေးသေးလေးတောင် ပေါ်မလာပါဘူးဆိုတဲ့ ကိစ္စက အတော်တော့ အံ့ဩဖို့ ကောင်းနေတာပဲ။

သူ့ နှုတ်ခမ်းတွေက ခြောက်သွေ့နေပြီး .. မျက်ကွင်းတစ်ဝိုက်ကတော့ ဖွေးဖွေးဖြူနေတဲ့ သူ့ အသားအရည်ပေါ်မှာ သီးသန့်ခြား ညိုမှောင်နေတယ်။

စာပေလေသံအရ ဆိုရရင် .. ' ဤကဲ့သို့သော ' သူ့ကြောင့် နံဘေးဝန်းကျင်မှာ ရှိလေသမျှ မြင်ကွင်းတစ်လျှောက် .. အရာအားလုံး အနက်ရောင်တွေချည်း ဖုံးအုပ်လာသလိုတောင် ဒုံဟျွန်းက ခံစားလိုက်ရတယ် ..။

" ဒါ ကျွန်တော် ပေးတာ မဟုတ်ဘူး "

ဒုံဟျွန်းတောင် မမေးရသေးခင်မှာ ယတိပြတ် ပြောဆိုလာတဲ့ လေသံမာမာဟာ တစ်စုံတစ်ခု အထင်လွဲခံရမှာကို သိပ်စိုးရိမ်နေပုံပဲ။ စိတ်ရှုပ်နေဟန်လည်း ပေါက်တယ်။

ပြောရခက်နေသလိုနဲ့ သူ့ ကိုယ်ပိုင် နှုတ်ခမ်းတွေကို အပေါ်အောက် ဖိကြိတ်လိုက်တာကိုလည်း မရည်ရွယ်ထားပါပဲ မြင်လိုက်ရသေးတယ် ..။

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now