「 파트 - 1 」

Start from the beginning
                                        

ယိုင်ယဲ့စွာ အကြောင်းတိုက်ဆိုင်မိတဲ့အခါ ဘယ်လောက်ထိများ ခရီးရောက်နိုင်ကြပါ့မလဲ ..။

• • •

အဲဒီလူနဲ့ စတွေ့ခဲ့ရတဲ့ ဖြစ်ပုံက ပြန်လည် ပြောပြဖို့ရာအတွက် .. မူးမူးရူးရူးနဲ့ ထွေရာလေးပါး ရေးသားထားမိတဲ့ ခပ်ကြောင်ကြောင် ဇာတ်ညွန်းတစ်ပုဒ်လိုကြီးပဲ ..။

တိတ်ဆိတ်တယ်။
အခြေအမြစ် မရှိဘူး။

နေရောင်ခြည်အောက်က နွေးထွေးစွာ ဆုံတွေ့ခြင်းမဟုတ်သလို .. မိုးစက်တွေကြားက အလွမ်းအဆွေးဖြစ်ရပ်လည်း မဟုတ်နေပြန်ပါဘူး ..။

အဲဒါက .. နေ့တစ်နေ့ ..။

ထွေထွေထူးထူး ပြဌာန်းစရာ သိပ်မရှိတဲ့ သာမာန် ရာသီဥတုနဲ့ .. နေ့။

ပိတ်ရက်ညရဲ့ အရက်နာက မနက်ရောက်တဲ့အထိ အလုံးစုံ မကျက်နိုင်တာမို့လို့ ကျောင်းကို ခေါင်းငိုက်စိုက် ရောက်လာရတဲ့ .. နေ့။

အဲဒီနေ့ ..။

-

[ -နေရာ- ]

ပြဇာတ်ကလပ် ၊ ဟောခန်းရဲ့ အဝင်အဝ ..။

တံခါးထောင့်နားမှာ ကိုယ့်ခေါင်းကိုယ် နံရံမှီထားရင်း လူသေကောင်လို မလှုပ်မယှက် ထိုင်နေတဲ့ ဒုံဟျွန်းဆီ .. သူက မသေချာ မရေရာတဲ့ မျက်နှာအမူအရာမျိုးနဲ့ လျှောက်လာခဲ့တာကို မှတ်မိတယ်။

အမှန်အတိုင်းပြောရရင်တော့ .. သူ အဲဒီနေ့က ဘာဝတ်ထားခဲ့သလဲဆိုတာကအစ အခုလက်ရှိအချိန်အထိ ကိုယ် အရှင်းအလင်း မှတ်မိနေတုန်းပဲ ..။

ဆံပင် အနက်တွေ ..။ ဆံပင် အနက်တွေ ..။

စာအိတ် တစ်အိတ်ကို ကိုင်ထားခဲ့တဲ့ နေဗီပြာ တီရှပ်လက်ရှည်အောက်က လက်ချောင်းတွေ ..။

-

[ -အချိန်- ]

နေ့လည်နေ့ခင်းဘက်မို့လို့ ကလပ်ဘေး လူသွားလမ်း ကော်ရစ်တာမှာ .. လူ တော်တော်များများက ဖြန့်ကျဲထားတဲ့ ပုရွက်ဆိတ်တွေလို အုံလိုက်ကျင်းလိုက် ရှိနေသေးတယ် ..။

အတန်းတက်ဖို့ လိုတာကြောင့် .. အပြင်ဘက်က စာသင်ဆောင်တွေဆီ ဦီးတည်နေကြတဲ့ တချို့လူတွေကိုလည်း .. သူတို့ကိုယ်စား ဝိုင်းဝန်း ကူပျင်းပေးရင်း .. စိတ်နှလုံးမကောင်းစွာ ဒုံဟျွန်းက ထိုင်ကြည့်နေရတယ် ..။

𝖳𝗁𝖾 𝖬𝗈𝗈𝗇 𝖲𝗍𝗋𝗎𝖼𝗄 | 공푸르즈Where stories live. Discover now