အခန်း(၃၇)

Start bij het begin
                                    

ဝူကျိုးက သူမ နားလည်အောင် ရှင်းပြသည့်တိုင် အကျိုးအကြောင်းဆီလျော်မှုမရှိသော ဟင်းပွဲဈေးနှုန်းကြောင့် လက်သင့်မခံနိုင်မှန်း သူသိသည်။ သူမကို အရင်ဆုံး ဖျောင်းဖျကြည့်ရမည်။ သူမက ကြက်ဥထမင်းကြော်ကို တစ်ဇွန်းစားကြည့်ပင်လျှင် သူ့ပြောသည့် စကားကို သေချာပေါက်လက်ခံသွားလိမ့်မည်။

"ဟွန့် ရှင်ပြောသလောက်ရော အရသာ ကောင်းပါ့မလား" ကျွမ်းရှင်းမူက နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝူကျိုးကို ခဏ လွှတ်ပေးလိုက်သည်။ ကျွမ်းရှင်းမူက အများရှေ့မှာ သူမ၏ချစ်သူကို ရိုသေလေးစားစွာ ဆက်ဆံတတ်သော်လည်း အိမ်ပြန်ရောက်သည့်အခါ သူ့ကို နှိပ်စက်မည်ဟု ဆုံးဖြတ်ထားသည်။ ဤစားသောက်ဆိုင်နှင့် ပတ်သက်၍ ကောင်းသောထင်မြင်ယူဆချက်မျိုး သူမ မှာ မရှိပေ။

ယွမ်ကျိုးက သူတို့မေးမြန်းသောမေးခွန်းများကို မဖြေသည့်တိုင် မေးခွန်းတစ်ခုကိုသာ ဖြေဆိုလိုက်သည်။

"မနက်က ဆိုင်မဖွင့်ရတဲ့အကြောင်းအရင်းက ငါ အိပ်ပျော်သွားလို့ပဲ"

"သူဌေးယွမ်၊ ခင်ဗျား ခုလိုမျိုး
လုပ်တာက ဖောက်သည်တွေ ဆုံးရှုံးနိုင်တယ်ဆိုတာ သိရဲ့လား။ ဒီလိုလုပ်ရပ်မျိုးက မှန်ကန်မှု မရှိဘူးဆိုတာကိုရော သိရဲ့လား။ ခင်ဗျား စီးပွားရေးလုပ်တယ်ဆိုတာ သေချာလုပ်ဖို့ လိုအပ်တယ်လေ။ မနက်စောစောထပြီးတော့ ဆိုင်ဖွင့်သင့်တာပေါ့" တချို့သော စားသုံးသူ ဖောက်သည်များက ခဏနှုတ်ဆိတ်သွားသော်လည်း တစ်ပြိုင်နက်တည်း မကျေမနပ် ပြောဆိုလာကြသည်။

"ဒီနေ့ ခင်ဗျားတို့ ဘာစားချင်လဲ" ယွမ်ကျိုးက သူတို့ပြောဆိုနေသည်ကို မကြားချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်းလွှဲသည်။

"သူဌေးယွမ်၊ ခင်ဗျား တအားလွန်တယ်နော်။ ကျွန်တော်ရဲ့နာကျင်နေတဲ့နှလုံးသားကို ချွေးသိပ်ဖို့အတွက် ကြက်ဥထမင်းကြော်၂ပွဲ လိုချင်တယ်"

လူအများစုက ယွမ်ကျိုး ဂရုမစိုက်မှန်း သဘောပေါက်၍ တောင်းဆိုမှုများကို လုပ်ဆောင်ကြသည်။ ယခင်က လေးနက်သောအပြုအမူများသည် ကြက်ဥထမင်းကြော်အပိုရရှိရန် ဟန်ဆောင်နေရုံမျှသာ ဖြစ်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Waar verhalen tot leven komen. Ontdek het nu