"ဟုတ်ကဲ့......ထောင်ထဲမှာ...ကျနော်မီးစက်နဲ့ပတ်သတ်တာတွေကိုသင်လာခဲ့ရတော့ မီးစက်ပျက်လို့ပြင်တာကကိစ္စမရှိပါဘူး ဒေါ်လေး.... ရွှေပုံကတော့ အိမ်မှာပဲ.....နားနားနေနေ နေခိုင်မယ်လို့စိတ်ကူးထားပါတယ် မဟုတ်ရင် ကျနော် ရွှေပုံကိုစိတ်ချမှာမဟုတ်ဘူး"

"ကောင်းတယ်ကွယ်....ကောင်းတယ် ကဲစကားတွေ ကောင်းနေတာနဲ့ ထမင်းခေါ်ကျွေးဖို့တောင်မေ့နေတယ် လာ သားတို့ရေ ထမင်းဝင်စားသွားကြပါဦး "

"တော်ပါပြီ မေညိုရေ အဝတ်တွေလှန်းခဲ့တယ် မိုးလည်းရွာတော့မှာမို့ ရွှေပုံတို့ပြန်တော့မယ်နော် ဟင်းချိုင်းလည်း လှယ်ခဲ့တယ်သိလား မေညို"

"အေးအေး"

ဒီလိုနဲ့ ရွှေပုံလည်း မေညိုအတွက် ဟင်းကိုပေးခဲ့ပြီးနှုတ်ဆက်ကာ နှင်းကြည်တို့အိမ်သို့ထွက်လာခဲ့တော့သည်။
ထို့နောက် နှင်းကြည်ကလည်း ကောက်စိုက်ဖို့သွားတာမို့ အမနှင်းအေးကို ဟင်းဝင်ပေးရင် အရီးလေး ခင်ကြည်ရဲ့ကျန်းမာရေအခြေအနေကိုပါဝင်မေးရင်းပြန်လာခဲ့တော့ သည်။

အိမ်ပြန်တဲ့လမ်းတစ်လျှောက် ရွှေပုံတစ်ယောက် ထူးခြားကိုသာ ခိုးခိုးကြည့်နေမိသည်။ ဒါကိုသတိထားမိတဲ့ထူးခြားက

" ကိုယ့်ကိုအဲ့လောက်ထိမကြည့်ပါနဲ့ ကိုယ်ချောတယ်ဆိုတာကိုယ်သိတယ် ရွှေပုံ ကိုယ့်ကိုပြောစရာရှိလို့လား "

" ဟိုလေ.... ရွှေပုံလည်းအလုပ်လုပ်ချင်တယ်လေ....အဲ့ဒါ"

ရွှေပုံစကားကြောင့် ထူးခြားသက်ပြင်းချလိုက်ပြီး

" ကိုယ်တစ်ယောက်လုံးရှိတာတောင် ရွှေပုံက အလုပ်လုပ်ချင်သေးတာလား ကိုယ်မင်းကိုရှာမကျွေးနိုင်ဘူးလို့ထင်လို့လား"

"အဲ့...အဲ့လိုပြောတာမဟုတ်ပါဘူး....ရွှေပုံကအလုပ်မရှိရင် မနေတတ်လို့ပါ"

" အိမ်ကအလုပ်တွေပဲလုပ်ပါ ပိုက်ဆံရှာတဲ့အလုပ်နဲ့အပြင်အလုပ်က ကိုယ်လုပ်မယ်နော်"

"လုပ်လုပ် ခင်များပဲလုပ်.... ရွှေပုံက အကိုပင်ပန်းမှာစိုးလို့ပြောတာကို ဟွန်း"

မိုးရွာထားလို့ဗွံတွေထနေတဲ့လမ်းပေါ်ကို ထမိန်းလေးမရင်း ခြေလေးဆောင့်ကာထွက်သွားတဲ့ ရွှေပုံကိုကြည့်ရင်းထူးခြားမှာ ရင်ထဲ ကုလားဘုရားပွဲလှည့်သလို ဝိုင်းဒိုင်းကျဲနေတော့သည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now