" ဟဲ့ ထူးခြားနဲ့ရွှေပုံက ဘယ်မှာလဲ 6:00နာရီထိုးတော့မယ် ဘဘုန်းကိုဆွတ်သွားကပ်ရမယ်လေ"

ပြောရင်း ဒေါ်ညိုညိုတစ်ယောက် ထူးခြားနဲ့ ရွှေပုံရှိရာ အခန်းထဲကိုထွက်လာခဲ့တော့သည်။ အခန်းနားကိုရောက်တော့ ဒေါ်ညိုညိုအသံပေးလိုက်လေသည်။ အခန်းထဲကိုတော့မဝင်ရဲပေ။

" ထူးခြား.....ရှေပုံ ဘာလုပ်နေကြတာလဲ 6:00နာရီထိုးတော့မယ် ဘုန်းဘုန်းကိုဆွမ်းသွားကပ်ရဦးမယ်လေ"

" လာပြီ မေညို ရွှေပုံအကျီကြယ်သီးတွေတပ်နေလိုပါ"

"အေးအေး မြန်မြန်လုပ်ကြ ဆွမ်းချိုင့် တွေအကုန်ပြင်ပြီးပြီ သိလားယူသွားရုံပဲ"

ဒေါ်ညိုညိုကပြောရင်း အိမ်ရှေ့ထွက်သွားတာမို့ ထူးခြားနဲ့ရွှေပုံမှာ အကျီတွေအမြန်ပြင်ရင်း ဆွမ်းချိုင့်ကိုကိုင်ကာ ဘုန်းကြီးကျောင်းသို့ထွက်လာခဲ့တော့သည်။

" သာပု ရေ ဒီဘက်ကိုထမင်းလိုက်ပွဲချပေးပါဦးဟေ့"

"မလှလှရေ ကြာဇံသုတ်လေး လာထည့်ပေးပါဦး"

"ဟ...ကိုအောင်နိုင်...ချိုင့်ကြီးနဲ့ပါလား"

"ဟုတ်တယ်ထူးခြားရေ မင်းသိတဲ့အတိုင်း မင်းအမဂျမ်းပုံက ဗိုက်ကြီးနဲ့ကလေးတွေကတစ်ဖက်မို့ ငါကပဲချိုင့်ဆွဲရတာပေါ့ကွာ"

"ဟုတ်ပါပြီဗျာ "

စသည်ဖြင့် မဂ်လာမဏ္ဍပ်မှာဆူညံလို့နေတော့သည်။ဒီလိုနဲ့ ထူးခြား တို့ရဲ့မဂ်လာပွဲဟာစည်းကားသိုက်မြိုက်စွာနဲ့ပြီးဆုံးသွားတော့သည်။ မဂ်လာပွဲကအပြန် ကိုထူးခြားနဲ ရွှေပုံ အကြောင်းက ရွာကလုံမတွေအတင်းတုပ်ရင်မပါမဖြစ်ပေ။

" ရွှေပုံကိုတော့ အားကျတယ်အေ "

"ဟုတ်ပါ့ သူ့ယောကျာ်းကလည်းချစ်တတ်လိုက်တာ ရွှေပုံ အဝတ်အစားကိုတောင် ကူရွေးပေးတာတဲ့တော်"

"ဟုတ်ပါ့ ကျုပ်နဲကျုပ်ယောကျာ်းယူတုန်းကဆိုရင် အဝတ်အစားကို ကျုပ်ဘာသာရွေးရတာ ကျုပ်ယောကျာ်းမရွေးပေးဘူးတော့"

"ဟုတ်ပါ့ ရွာထဲကလုံမပျိုတွေ ကိုပိုက်ဆံဘယ်လောက်နဲ့တင်တောင်းတာလောက်ကတော့ ရွှေပုံတို့က ထိုင်တောင်ရယ်လိုက်ဦးမယ် ထူးခြား ရွှေပုံကိုတင်တောင်းတုန်းက စိန်ဆွဲကြိုးတွေရော ရွှေဆွဲကြိုတွေရောအေ စုံအောင် တင်တောင်းထားတာတော့"

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now