အိမ်ပေါ်ရောက်တော့ အဝတ်အစားလဲနေတဲ့ ဂျောင်ဂုနားသွားကာ

"ကိုကို..."

"ဗျာ့..."

"ဟိုမိန်းမကြီးက ဘယ်တော့ပြန်မှာလည်းဟင်..."

"ကိုကိုလည်း ဘယ်လိုလုပ်သိမှာလည်းကလေးရယ်..."

ထယ်ယောင်းစိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ထိုင်ချလိုက်သည်။

"အဲ့မိန်းမကြီးက ဘယ်တော့မှ ပြန်မလည်းမသိဘူး ကျွန်တော်တော့ အဲ့မိန်းမကြီးကိုမုန်းလွန်းလို့ဘယ်လိုလုပ်မှန်းကိုမသိတော့ဘူး..."

"ကလေးရယ် သူလည်းကြာကြာနေမှာမဟုတ်ပါဘူး ဟိုမှာ သူ့အလုပ်တွေ ရှိပါသေးတယ် သူရှိတုန်းလေးတော့ ကလေးက သူ့ကိုကောင်းကောင်းဆက်ဆံပေးလိုက်ပါ ကလေးက အိမ်ရှင်ပဲဟာကို..."

"မဆက်ဆံနိုင်ပါဘူး ဘာလို့ကောင်းကောင်းဆက်ဆံရမှာလည်း ကိုကိုသာ အဲ့မိန်းမကို ကောင်းကောင်းဆက်ဆံ ကျွန်တော်ကတော့ လုံးဝ ကောင်းကောင်းမဆက်ဆံနိုင်ဘူး..."

ထယ်ယောင်းတစ်ယောက် ဂျောင်ဂုကိုမျက်စောင်းထိုးကာ ထိုင်နေရက ထသွားတော့သည်။

ဂျောင်ဂုမှာလည်း သူ့ကလေး စောယွန်းအပေါ်အလိုမကြမှန်းသိ၍ ဘာမှထပ်မပြောတော့....

"ဟဲ့ စောယွန်း ငါ့စီအစောကြီးဘာလာလုပ်တာလည်း..."

"ဘာလာလုပ်ရမှာလည်း ငါဟိုကောင်လေးကို မမြင်ချင်လို့ နင့်စီအစောကြီးထွက်လာတာ..."

"စောယွန်းရယ် နင်လည်း အသက်ကြီးနေပါပြီ ဘာကိစ္စ ကလေးနဲ့အပြိုင် ရန်လိုနေရတာလည်း."

"ငါက ရန်လိုနေတာမဟုတ်ဘူး အဲ့ဟာလေးက ငါ့ကိုရန်လိုနေတာဟဲ့.."

"နင် သူနဲ့မတည့်ရင် ငါ့အိမ်မှာပြောင်းလာနေလိုက်ပါဟာ အဲ့ဒါဆို နင့်အတွက်လည်း အစဥ်ပြေသလို ဂျောင်ဂုအတွက်လည်း အစဥ်ပြေတယ်..."

"ပြောင်းမနေပါဘူး ငါ အဲ့အိမ်မှာပဲ နေမှာ အဲ့ဒါမှ အဲ့ကောင်လေး စိတ်အနှောက်မယှက်ဖြစ်မှာ..."

ယွန်းဂီမှာ စောယွန်းစကားကြောင့် ခေါင်းတခါခါ သူ့သူငယ်ချင်းက အသက်သာကြီးတာ ကလေးစိတ်ကမကုန်သေး......

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Nơi câu chuyện tồn tại. Hãy khám phá bây giờ