အပိုင်း(၂၇)

Start from the beginning
                                    

'' ဒါနဲ့ မော်လီ ကခုထိထွက်မသွားသေးဘဲ မျက်နှာပြောင်တိုက်နေတာပေါ့လေ ။ သူမို့ အရှက်မရှိ။ ´´

'' မမမော်လီနဲ့ မြို့အုပ်မင်း ကအဆင်ပြေနေကြတယ်ထင်ရဲ့။ ´´

ဒီရက်ပိုင်းအတွင်းမောင့်အခန်းထဲမှ မထွက်ဘဲ မောင့်အားပြုစုပေးနေသည့် မမမော်လီကြောင့် လရောင် မျက်ရည်ကလေးဝဲ၍ သာ ထိုသို့ပြောလိုက်လေသည်။

ရင်ဘတ်ထဲက နာနေပေမဲ့ လရောင် ဘာမှမတတ်ဘူးမောင်။ ခုချိန်မှာလရောင်လုပ်နိုင်တာ ဘာမှမရှိဘူး။

>>>>>>
<<<<<<

'' မြို့အုပ်မင်း ...သက်သာလာပြီလားဟင်။ ဘယ်လိုနေသေးလဲ။ မော်လီဘာလုပ်ပေးရအုံးမလဲ။ ´´

ထိုးကိုက်နေသောခေါင်းအား အသာဖိရင်း သစ်ဦး ထထိုင်မိတော့ ကုတင်ဘေးတွင်ထိုင်နေသောမော်လီမှ စိုးရိမ်တကြီးမေးလာလေသည်။

'' သက်...သာပါတယ် မမော်လီ။ ကျုပ်ရေလေးနည်းနည်းသောက်လို့ရမလား။ ´´

အက်ကွဲနေသော လည်ချောင်းသံနှင့် သစ်ဦးမော်လီ့အားပြောလိုက်လေသည်။

'' မော်လီကစိတ်ပူနေတာ ညကလည်းအဖျားတွေကြီးလိုက်တာလွန်ပါရော။ ´´

'' ပြုစုပေးလို့ကျေးဇူးတင်ပါတယ် မမော်လီ ဒါနဲ့ ကျုပ်ပြောပြထားတဲ့ကိစ္စ...´´

'' ဟင်း မော်လီသဘောတူပါတယ်။  မော်လီတို့ကအစကတည်းကကြောင်းလှမ်းထားပြီးသားပဲဟာ။ပြီးတော့ဖြစ်သွားတဲ့ကိစ္စတွေမှာ မာမီ့ကိုအထင်မလွဲပါနဲ့။မာမီ မှာတကယ်အဲစိတ်မရှိပါဘူး မြို့အုပ်မင်းရယ်။ ခုကလည်းမတော်တဆ ဖြစ်သွားတော့ ကြောက်အားလန့်အားနဲ့ထွက်ပြေးမိတယ်ထင်ပါရဲ့။ ´´

''ကျုပ်နားလည်ပါတယ်။ ဒါနဲ့ ကျုပ်အကူအညီတောင်းထားတဲ့ကိစ္စ...´´

'' သူစိမ်းဆန်လိုက်ပါဘိ မြို့အုပ်မင်းရယ် အကူအညီတောင်းတယ် လို့မဆိုပါနဲ့။ မြို့အုပ်မင်းပြောထားတဲ့ကိစ္စ မော်လီလုပ်ပေးမှာပါ။ မော်လီ ဒီတစ်ပတ်ထဲမှာပဲ ရန်ကုန်ခဏ ပြန်ဆင်းမလို့ပါ။ဒါနဲ့ မော်လီသိခွင့်ရှိမလားဟင် ဘာလို့ အဲစာရွက်တွေကို ဒယ်ဒီတို့ကို ခွင့်မတောင်းဘဲ မော်လီ့ကို အကူအညီတောင်းရတာလဲ။´´

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now