''အမယ်... အသက်ကြီးတယ်လေကွ အသက်
ကြီးတယ်.. ''

''အဲ့အသက်ကမြင်ရတာလည်းမဟုတ်ပဲနဲ့ မြင်
ရတာနဲ့ ပြစမ်းပါ ဘယ္နားက ကျူပ်ထက်ကြီး
လဲလို့ ''

''ဟ့..''

ဒီတစ်ခါ နင်သွားရသူက ရှင်းပင်ဖြစ်သည် ။
သူကဒီလောက်ကြီးမားထွားကျိုင်းနေတဲ့ဟာကို
ရှင်းက ဘယ်လိုယှဉ်နိုင်မှာလဲတဲ့ ။

'' ခင်ဗျားကိုပြန်ခေါ်နေကြတာမဟုတ်လား ပြန်
မွာလား ''

စနောက်နေရင်းမှ လင်းရှိန်က တည့်တည့်ကြီး
ကြည့်ပြီးမေးလာလေသည် ။ လင်းရှိန်မျက်နှာ
ကပြောလောက်အောင်တည်နေပြီး မျက်တောင်
ပင်မခတ်ပဲရှင်းကိုစိုက်ကြည့်နေသောကြောင့်
မျက်လွှာချလိုက်ရသူကရှင်းပင်ဖြစ်သည်။ ဒီ
ကောင်ကအဲ့လိုစူးစူးစိုက်စိုက်ကြီးကြည့်လာတိုင်း
ရှင်းမှာ အသက်ရူမဝသလိုလို ၊ချက်ချင်းပဲထ
သွားရတော့မှာလိုလိုနှင့် ဗျာများရသည်ကလဲအ
ကြိမ်တိုင်းပင်ဖြစ်သည် ။

'' ငါ့မှာကမေမေတစ်ယောက်ပဲရှိတော့တာအခု
မေမေကစိတ်ပူနေပြီဆိုတော့ငါပြန်ရမှာပေါ့''

ရှင်းသေချာစဉ်းစားပြိးပြောလိုက်ခြင်းဖြစ်သည်
ရှင်းဒီအိမ်ကိုစရောက်လာထဲက လင်းရှိန်ကခရီး
ထွက်နေသော သူ့ဇနီးအိမ်ကိုပြန်ရောက်လာသ
လိုလိုနဲ့ ဘယ်ကလာလဲလဲမေမး ၊ ဘာမှလည်းမ
စုံစမ်းပဲအတင်းဆွဲဆွဲစားနေလေသည်။ သို့ပေမဲ့
ရှင်းကိုတော့ဂရုတစိုက်ရှိပါသည် ။

''ကျုပ်မှာလည်းခင်ဗျားပဲရှိတာ ''

သြရှရှအသံ ၊ ဆွဲငြင်ညို့ယူနေသောမျက်ဝန်း
မ်ား ၊ စကားပြောရင်းတံတွေးမျိုချလိုက်သည့်
အခါလူပ်ရှားသွားသည့်ယောက်ကျားဆန်ဆန်
လည်စေ့ ၊ လေတစ်ချက်တစ်ချက်ဝေ့ဝဲတိုက်
ခတ်လာတိုင်း ရှင်းထံသို့လွှင့်ပျံလာတတ်သည့်
လင်းရှိန်၏ ကိုယ်သင်းရနံ့ ။ အရာရာဟာရှင်း
နှင့်တကယ်ကိုအသားကျနေလေပြီဖြစ်သည်။

လင်းရှိန်ကသူ့ပုဆိုးခါးပုံဆထဲကအသီးများကို
အနားရှိခြင်းတောင်းတစ်ခုထဲပစ်ထည့်ရင်းရှင်း
ခန္ဓာကိုယ်ကိုသူ့ပေါင်ပေါ်ဆွဲတင်လိုက်သည်မှာ
လျင်မြန်စွာပင် ။ ပြီးသည်နှင့်လူကိုတင်းတင်း
ကြပ်ကြပ်ပွေ့ဖက်ထားပြီး ခဏကလိုစူးစိုက္ပီး
ကြည့်နေပြန်လေသည် ။ သူ့အသက်ရူလိုက်
သည့်လေငွေ့များက ရှင်းလည်တိုင်နှင့်မျက်နှာ
တစိဝိုက်ကိုအသွားအပြန်ကျီစားနေလေသေး
သည် ။ လူကသူ့အပေါ်ရောက်သွားသည့်မို့
လင်းရှိန်၏ ယောက်ကျားဆန်သည့်ကိုယ်သင်း
ရနံကို ပိုမိုရူရိူက်မိကာ ရှင်း ခြေဖျားလေးတွေ
ပင်ကုတ်မိသွားရ၏ ။

BLANK-ကွက်လပ်जहाँ कहानियाँ रहती हैं। अभी खोजें