"ရိပေါ်..ငါ့သူငယ်ချင်းလေးငါ့လက်ထဲမှာဘာကြီးလဲကြည့်ပါအုံး..ဒန့်တန့်ဒန်.."

သူ့မျက်နှာရှေ့မှာဝှေ့ရမ်းပြနေတာကကြော်ငြာစာရွက်တစ်ခုပင်။ရိပေါ်ကပြုံးပြီးထိုစာရွက်ကိုသေချာယူကြည့်လိုက်တယ်။ကြော်ငြာမှာရေးထားတဲ့စာကိုကြည့်ပြီးနောက်မှာတော့သူမပြုံးနိုင်တော့ပေ။street dance ပြိုင်ပွဲတစ်ခုဖြစ်ပြီးဝါသနာရှင်တွေကလွတ်လတ်စွာစိန်ခေါ်ယှဥ်ပြိုင်ကြတာဖြစ်သည်။ရှောင်းကျန့်ကသူ့ပုခုံးကိုဖက်ကာဝမ်းသာအားရပြောတယ်

"နောက်ဆုံးတော့မင်းအတွက်အခွင့်အရေးကဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီ မြန်မြန်နာမည်စာရင်းပေးလိုက်တော့အချိန်မမှီပဲနေမယ် ငါဒါကိုတွေ့တော့ဘယ်လောက်ပျော်သွားလဲသိလာ "

".........."

ရိပေါ်ကစာရွက်ကိုကိုင်ထားရင်းနဲ့သာငြိမ်သက်နေသည်။ရှောင်းကျန့်ကသူ့မျက်နှာကိုသတိမထားမိပဲဆက်ပြောတယ်

"ပြီးတော့နာမည်ကြီးအဆိုတော်Leoလဲလာမှာသူကအေဂျင်စီထောင်ထားတာသိတယ်မလာ သူမြေတောင်မြှောက်ပေးလိုက်လို့အောင်မြင်သွားတဲ့သူတွေအများကြီး အခွင့်အရေးကိုအမိအရဆုပ်ကိုင်ထားသင့်တယ်"

ရှောင်းကျန့်ကလက်သီးဆုပ်ကိုမြှောက်၍အားကြိုးမာန်တက်ပြောသည်။တက်ကြွနေတတ်တဲ့ရှောင်းကျန့်ကသူ့ကိုအမှန်ပင်အောင်မြင်စေချင်သည်။ဒါပေမဲ့..

"ရှောင်းကျန့်"

"ဟင်"

သူခေါ်လိုက်တော့ပြုံးပြုံးလေးနဲ့လှည့်ကြည့်လာသည်။သူဘယ်လိုပြောရမလဲ ရှောင်းကျန့်မျက်နှာကအပြုံးတွေကိုတည်မြဲစေချင်တယ်။စာရွက်ကိုတင်းတင်းဆုပ်ကာအားနာစွာကြည့်၍

"ငါမပြိုင်ဘူး"

"........."

"ငါမကချင်တော့ဘူး"

ရိပေါ်ကရှောင်းကျန့်ကိုမကြည့်ဝံ့တာမလို့မျက်လွှာချကာခပ်တိုးတိုးပြောလိုက်သည်။ရှောင်းကျန့်ကရိပေါ်ကိုမယုံကြည်နိုင်စွာကြည့်တယ်။

"မင်းငါ့ကိုကတိပေးထားတယ်လေ အဲ့နေ့ညကငါတို့ခေါင်မိုးထပ်မှာပေးထားတဲ့ကတိကိုမှတ်မိသေးလား ငါနဲ့အတူကြိုးစားမယ်ဆို ဖြေလေ"

No Reason ✔Where stories live. Discover now