9

1.3K 219 0
                                    


CHAPTER 9

Hot search ?

ယင်းကိုကြားပြီးနောက် လင်းယန်ရန်ရဲ့ ပထမဆုံးတုံ့ပြန်မှုက သူထပ်ပြီး ကြိမ်းမောင်းခံနေရတာလား ဆိုတာပဲဖြစ်သည်။

လင်းယန်ရန်၏အသံသည် တက်တက်ကြွကြွမရှိသဖြင့် ဝန်ထမ်းလေးမှ သူပြန်ပြီးအိပ်ပျော်သွားသည်အထင်ရှိကာ အသံတိုးတိုးဖြင့် မေးလာသည်။

"ယန်ရန်လောင်ရှီး အိပ်ပျော်နေတာလား"

"မဟုတ်ဘူး၊ နိုးနေပါပြီ။"

"Ah..ကောင်းပြီ၊ အောက်ကိုမြန်မြန်ဆင်းခဲ့တော့။လောင်ရှီးကို အင်တာဗျူးဖို့ စောင့်နေကြတဲ့ မီဒီယာတွေ အများကြီး ရောက်နေကြပြီ"

"မီဒီယာအင်တာဗျူး?"

"ဟုတ်တယ်၊အချို့မီဒီယာတွေရောက်နေကြပြီ။သူတို့ စောင့်နေတာလည်း နည်းနည်းကြာ နေပြီ…."

လင်းယန်ရန်က နားထောင်လေ တစ်ခုခုမှားလေလေ ဆိုတာကို ခံစားမိပြီး တစ်ဖက်မှဝန်ထမ်းလေးကို အလျင်စလိုဖြင့် မေးလိုက်သည်။

"ဘယ် hot search ကြောင့် ငါ့ကိုရှာနေတာလဲ"

"လောင်ရှီး မသိသေးဘူးလား....အိုး..မြန်မြန်ထပြီး ကြည့်လိုက်ပါဦး။အခုဆို လောင်ရှီး အရမ်း နာမည်ကြီးနေပြီ"

လင်းယန်ရန်ဖုန်းချပြီး Weibo ကို အမြန်ဖွင့် လိုက်သည်။

ဖွင့်လိုက်တာနဲ့ ထောင်သောင်းချီတဲ့ မက်ဆေ့ခ်ျ တွေ ပေါ်လာခဲ့သည်။

သို့သော်လည်း‌ နောက်ဆုံးအကြိမ်ကလို စာလုံးရေအများကြီးနဲ့ကျိန်ဆဲထားကြသည့်စာများနှင့်မတူဘဲ ဒီတစ်ခေါက်ကတော့ သူ့ကိုသီးသန့်အားပေးသူ အားလုံးနီးပါးက သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ဝန်ခံခဲ့ကြပါတယ်။

[Ahhh ယန်ရန်လောင်ရှီးက အရမ်းလှတာပဲ ]

[ ဒီ့မတိုင်ခင်က လောင်ရှီးကို နားလည်မှုလွဲသွားတဲ့အတွက် တောင်းပန်ပါတယ်...လောင်ရှီးက အရမ်းလည်းလှသလို ကြင်နာတတ်တဲ့နှလုံးသားလေးလည်းရှိတယ်  ]

ဒီလောကကိုစရောက်လာကတည်းက ငြူစူခြင်းများဖြင့်သာ ပြည့်နှက်နေခဲ့ရာ ယခုလို ရုတ်တရက် ဝန်ခံချက်များစွာကိုလက်ခံရရှိလာသောအခါ လင်းယန်ရန်အနေနဲ့ အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now