သူမနာမည်ကJung Mili။သိပ်သနားစရာကောင်းတဲ့မိန်းမ။ချစ်ရသူနဲ့ရှင်ကွဲကွဲခဲ့ရသလိုအိမ်ထောင်ရေးနဲ့ပတ်သတ်လို့လည်း ကံမကောင်းပြန်တဲ့မိန်းမ။သူမဟာသိပ်လှတယ်။ချမ်းသာတယ်။အရည်အချင်းလည်းရှိတယ်။မျိုးရိုးလည်းကောင်းတဲ့သူ။ဒါပေမဲ့လို့
ခင်ပွန်းဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုနေ့တိုင်းခါးစီးခံရတယ်။ဒီခင်ပွန်းဟာလည်းသူမ ချစ်လို့ယူထားသည်မဟုတ်။အဲ့လူရဲ့အတင်းအဓ္ဓမတင်းပိုက်ခြင်းကိုသူမခံထားရတာ။အသိုင်းအ၀ိုင်းကြီးသည်မို့ သူမအရှက်အတွက် လက်ထပ်ခဲ့ခြင်းသာ..။သူများသမီးပျိုကိုဖျက်လိုဖျက်ဆီးလုပ်။ယူထားပြီးကောင်းကောင်းမွန်မွန်မထား။နေ့တိုင်းလက်ပါတယ်။သူမရဲ့မိဘအပါအ၀င်သူမကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတယ်။တွေ့ကရာမိန်းမနဲ့ဖောက်ပြန်တယ် အိမ်ဖော်ပါမကျန်ခဲ့သူမမှာအိမ်ဖော်နဲ့တန်းတူရန်ဖြစ်ခဲ့ရတဲ့နေ့တွေကမနည်း။နောက်ပိုင်းမှာအိမ်ဖော်ပါမထားရဲ့တော့တဲ့အဖြစ်။သူမသည် နေ့တိုင်းမတရားနှိပ်စက်ခံရသော်လည်း တရားမှုကိုမရယူနိုင်ခဲ့ပါ။တစ်ဦးတည်းကျန်တော့တဲ့သူမအဖေဟာနှလုံးရောဂါသမား။သူမအကြောင်းကိုသာသိသွားခဲ့ရင် စိတ်လည်းမကောင်းတော့မှာမဟုတ်သလို ရောဂါအခြေအနေလည်းပိုစိုးလာလိမ့်မယ်။ထို့ကြောင့်သူမသည်းခံခဲ့ပါတယ် နာကျဥ်းချက်တွေကိုစုသိမ်းရင်း။
ကံကမကောင်းရင်ဆက်တိုက်မကောင်းတတ်တာပဲလား။သူမအဖေသိသွားခဲ့တယ်သူမအကြောင်းကိုလေ။သိသွားတဲ့နေရာမှာတင်ပဲ သားသမီးစိတ်ကြောင့်သူမအဖေဟာပွဲချင်းဆုံးသွားရှာတယ်။ထိုအချိန်တည်းမှာပဲသူမမှာထိုလူယုတ်မာရဲ့ကိုယ်၀န်ရှိလာခဲ့တယ်။
"Mili....! Jung Miliထွက်လာခဲ့.....!!!"
အဖေ့စိတ်နဲ့တစ်ကြောင်း ကိုယ်၀န်နဲ့မို့စိတ်ပင်ပန်းပြီးကုတင်ပေါ်မှာလဲလျောင်းနေတဲ့သူမဟာ ထိုအယုတ်တမာအသံကြောင့် ချက်ချင်းပင်စိတ်ညစ်သွားတယ်။
"Mili.....!ငါနင့်ကိုထွက်လာခဲ့လို့ပြောနေတယ်လေ။ဘာလဲကိုယ်၀န်ကြီးနဲ့အရိုက်ခံချင်တာလား.....ဟမ်...!"
