အပိုင်း - ၁၅

Începe de la început
                                    

ခုကအမေမသိအောင်တားမြစ်ထားတဲ့နေရာကိုခိုးလာခဲ့ရုံမက ငါးပါနှိုက်နေသေးသည်...ရေပါဆင်းကူးမည်ဆိုလျှင်...

မဖြစ်ရေးချမဖြစ်ပေ...

"ပြန်ကြစို့ဟေ့...ထမင်းစားချိန်တောင်ရောက်ပေါ့.."

"အေး ငါလည်းဗိုက်ဆာလာပြီ ဟေ့ကောင်တွေ တက်ကြစို့"

အိတ်သဖွယ်လွယ်ထားသည့်ပုဆိုးထဲ ငါးလေးတွေအတော်အသင့်ရပြီးချိန်ကမွန်းတောင်တည့်နေပြီ...
အုပ်စုလိုက်အင်းနားကရေတွင်းမှာခြေလက်ဆေးကြောပြီး ပါလာတဲ့ငါးတွေ၊ဂဏန်း‌တွေ၊ပုစွန်တွေကိုပါရေတစ်ခါတည်းဆေးကြသည်...ဒါမှဝယ်လာတာတွေလို့ထင်မှာကိုး...

"ဟော ဟိုညီလေး.."

"ဟာ ဆရာလေးတို့ "

ကျောင်းပိတ်ရက်မှာငြိမ်ဦးတို့သူငယ်ချင်းနှစ်ယောက်လိုအပ်တာတွေဝယ်ရန်မြို့ကိုသွားဖို့ရွာကအထွက်ထိုအုပ်စုနှင့်တည့်တည့်တိုးခြင်း...

ကြက်တောင်စည်းနဲ့ပေစုတ်စုတ်မျက်နှာလေးကိုမြင်လိုက်ရတဲ့ခဏရုတ်တရက်လစ်ဟာနေသောတစ်စုံတစ်ရာကပြန်ရောက်လာသလိုငြိမ်ဦးခံစားလိုက်ရသည်...

"ဆရာလေးတို့မင်္ဂလာပါ.!!"

"ဟုတ်ပါပြီ ဒါနဲ့ဘယ်ကပြန်လာကြတာလဲ..."

"သားတို့ အင်းထဲ"

"ရွာပြင်မှာဆော့လာကြတာဆရာလေး"

စိန်ပုစကားမဆုံးသေး အလောတကြီးဖြတ်ပြောလိုက်ဝလုံး..

"ဟုတ်တယ်မလား "

"ဟုတ်တယ် ဟုတ်တယ်"

"ကိုကြီးဝလုံးပြောသလိုပဲ"

ခုမှသတိရသလိုခေါင်းလေးတွေကိုယ်စီငြိမ့်နေကြတဲ့ကလေးတွေကိုကြည့်ပြီးထူးဆန်းသလိုတော့ထင်လိုက်ပေမဲ့မျက်လုံးလေးတွေမှိတ်အောင်အားကုန်ရယ်ပြနေကြတာမို့ ထွေထွေထူးထူးမတွေးမိတော့...

"လက်ထဲကဘာတွေလဲ"

စူးစမ်းသလိုမျက်လုံးတွေဝေ့ကြည့်ကာမေးလာတဲ့ဆရာမိုးသားကြောင့် ကိုယ့်အထုပ်ကလေးတွေကိုယ် နောက်ကိုအသာပို့ရင်း

"ဪ ငါးဝယ်လာတာဗျ"

"ဪ..."

"ဒါနဲ့ဆရာလေးတို့ကဘယ်သွားမလို့လဲ ဒီအချိန်ကြီး"

"ဝလုံးလေး"Unde poveștirile trăiesc. Descoperă acum