အပိုင်း(၂၄)

Start from the beginning
                                    

'' ဟင်းအင်း... သူမသေသေးတာလား ။ သူပြန်လာတော့မလို့လား။ ဟင့်အင်းမဖြစ်စေရဘူး။ ''

ဒေါ်မာရင်မြင့် အရူးတစ်ယောက်လိုသာ အတွေးများစွာဖြင့်တုန်တုန်ရီရီဖြစ်နေလေသည်။

'' နင်က သိပ်ကို အသက်ပြင်းနေတယ်ပေါ့လေ မိမိ ''

>>>>>>
<<<<>>

'' အ့ !''

'' လာစမ်း''

မေမေကြီး အသံကြောင့် အခန်းထဲသိုလှမ်းကြည့် အနောက်ဘက်မှ ဆံပင်အားစောင့်အဆွဲခံလိုက်ရတာကြောင့် လရောင်လန့်သွားကာ လှည့်ကြည့်မိလိုက်တော့မမမော်လီဖြစ်နေလေသည်။ ထို့နောက် မမမော်လီဆွဲခေါ်ရာနောက်သို့သာ အသံမထွက်လိုက်ခဲ့ရလေတော့သည်။

'' ဒါဘာလုပ်နေတာလဲ ဟမ် ။ နင့်အကြောင်းဘာရှိလဲ ။ ''

'' မဟုတ်ပါဘူး မမမော်လီရယ် လရောင်ကမေမေကြီးတစ်ယောက်တည်းမလို့ ...''

'' ပိတ်ထားနင့်ပါးစပ်ကို နင်နဲ့ငါစာရင်းရှင်းစရာရှိတယ်။ နင်ဘာအချိုးချိုးတာလဲ လရောင်ခင် ''

'' လရောင် ဘာလုပ်မိလို့လဲ မမရယ်။ ''

'' ငါ့ကိုပြန်မအော်နဲ့ အင့်! ဟယ် ငါ့ကိုပြန်အော်အုံး ''

လရောင်အသံကလေးနည်းနည်းမာရုံ ရှိသေး လရောင်အား ဗိုက်ခေါက်ကိုလိမ်ဆွဲလာသည့်မမမော်လီကြောင့် အသံမထွက်ရဲဘဲ ငိုမဲ့မဲ့လေးဖြစ်လာလေသည်။

'' ဒီနေ့ ရစ်ချက် လာတာကို ငါမရှိဘူးမပြောဘဲ။ နင်ကငါ့ဆီလွှတ်လိုက်တယ်ပေါ့။ နင်ဘာအချိုးချိုးတာလဲ။ ငါမြို့အုပ်မင်းကို ပြန်ယူမယ်လို့ပြောပြီးသားမဟုတ်လား။ မြို့အုပ်မင်းရှေ့မှာ ငါနဲ့ရစ်ချက်ကိုအထင်လွဲအောင်လုပ်တယ်ပေါ့ ''

'' မဟုတ်ပါဘူးမမမော်လီရယ် လရောင်မသိလို့ပါ။ အရင်ကမမမော်လီက ကိုရစ်ချက်နဲ့လရောင်စကားပြောရင်တောင်မကြိုက်လို့ လရောင်ကအရင်ရှောင်ပြီး မမမော်လီရှိပါတယ်လို့ပြောမိတာပါ။ ''

'' အပိုတွေလာပြောမနေနဲ့။ နင်ကလေ ရုပ်ကလေးသနားကမားနဲ့ နင့်အမေလိုပဲ။ သူများအပိုင်တွေကို သိပ်တပ်မက်တယ်။ နင်နဲ့တူလား၊ တန်လား။ ပြောစမ်း ။ ''

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now