"ဟေး မင်းကဘယ်သူလဲ..သူ့မျိုးရိုးနာမည်က ရှ ဆိုတာကို ဘယ်လိုသိတာ လဲ"

ရှီယွီရှီး သည် ထိုစကားကိုကြားသောအခါ ရွာသူကြီးအား ပြန်မဖြေဘဲ ရှီချန်းယု ၏ မျက်နှာကို ဇွတ်စိုက်ကြည့်ပြီး..

"သား၊ ပြောပြပါ. မင်းက မျိုးရိုး ရှီ မဟုတ်ဘူးလား"

တစ်ဖက်လူက အရမ်းစိတ်လှုပ်ရှားနေတာကို မြင်လိုက်ရတော့ ရှီချန်းယု က ဝတ္ထုထဲမှာ တစ်ဖက်လူရဲ့ကျန်းမာရေးက အရမ်းဆိုးတယ်လို့ တွေးပြီး ရှေ့ကို ခြေတစ်လှမ်းတိုးပြီး တခြားသူရဲ့လက်ကို ကိုင်လိုက်တယ်။

"အရမ်းစိတ်လှုပ်ရှားမနေနဲ့ ..ပြောစရာရှိရင် ဖြည်းဖြည်းပြော​ကြရအောင်.."

ရှီချန်းယု မှန်ကန်စွာမှတ်မိပါက၊ လောင်ချုး စီရင်စုရှိ နှင်းဘေးအန္တရာယ် အပြီးတွင် ရှီယွီရှီးက သူ၏ဖျားနာနေသော ခန္ဓာကိုယ်ကို ဆွဲယူသွားနေရသည့် ဝတ္ထုထဲတွင် ဇာတ်ကွက်တစ်ခုလည်း ရှိသည်။

ရှီချန်းယု သည် ကလေးဘဝကတည်းက သူ့အမေကို ဆုံးရှုံးလိုက်ရတာကြောင့်ရော ရှီယွီရှီး ၏သားကို ရှာဖွေမှုနှင့်ပတ်သက်၍ အလွန်အကဲဆတ်မိတာရယ်ကြောင့် သူသည် စာအုပ်ဖတ်နေချိန်တွင် ဒီအခန်းကို နှစ်ခါပြန်ဖတ်မိသည်။

လောင်ချုး စီရင်စုတွင် ဆီးနှင်းများကျရောက်ပြီးနောက် ဓားပြများထွက်ပေါ်ခဲ့ ပြီး ရှီယွီရှီးနေထိုင်သည့်ရွာသည်လည်း လွတ်မြောက်ရိုး ထုံစံမရှိပေ။ သူမ၏ ပြောင်မြောက်လှပသော ရုပ်ရည်ကြောင့် ရှီယွီရှီး သည် မကောင်းမှုမျိုးစုံပြု သာ ဓားပြများ၏ အဓမ္မပြုခြင်းကို ခံရလုနီးပါးပင်။

ကံကောင်းထောက်မစွာ၊ သူတို့ရွာမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေ အများကြီးရှိပြီး ရွာမှာ အလွန်ရက်စက်တဲ့ အရူးကလေးတစ်ယောက်လည်းရှိတယ်။ ထိုဓားပြများသည် နောက်ဆုံးတွင် သူမအား အခွင့်ကောင်းယူရန် ပျက်ကွက်ခဲ့ပြီး ထိုအစား ထို သန်မာသူများ၏ ရွာမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။

ဤကပ်ဆိုးကြောင့် ရှီယွီရှီး ၏ ကျန်းမာရေးသည် ပိုဆိုးလာသည်။ သူမမသေခင် မူလပိုင်ရှင်နဲ့တွေ့ချင်တာကြောင့် ကွင်ချန်ကောင်တီ ကို တစ်ယောက်တည်းလာခဲ့တယ်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now