''ဆရာ....ကျွန်မအမျိုးသား ခွဲစိတ်တာအောင်
မြင်တယ်မဟုတ်လားဟင် ''

မေမေက မျက်တောင်ပင်မခက်ပဲဆရာဝန်များ
ဆီသို့အားကိုးတစ်ကြီးမေးလေသည် ။ ရှင်းဆို
ဘာအသံမှပင်ထွက်မလာနိုင်အောင် စိတ်လူပ်
ရှားနေမိသည် ။ ဆရာဝန်ကြီးက မေမေ့လက်ကို
အသာဆုပ်ကိုင်ရင်း

'' လူနာကဆေးရုံကိုအချိန်မိရောက်လာပေမဲ့
သူကိုယ်တိုင်ကစိတ်လျှော့ထားပုံရပါတယ်...
ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ကြပေ
မဲ့ မအောင်မြင်လိုက်ပါဘူး'' 

''ဟင့်အင်း ''

မေမေက ဆရာဝန်ကြီးလက်ထဲမှ လက်များကို
ရုန်းထွက်ပစ်ရင်း

''ဘာတွေပြောနေတာလဲ အကိုက စိတ်သိပ်မာ
တာ ဒီလိုကိစ္စလေးနဲ့ ဘာ....ဘာဖြစ်ရမှာလဲ..
ဆရာတို့ မနောက်ကြပါနဲ့ရှင် ကျွန်မယောက်
ကျား အဆင်ပြေတယ်မဟုတ်လား ဟင် ''

မေမေ့စကားကိုဘာမှပြန်မဖြေပဲ ရှင်းပုခုံးကို
အားပေးသလိုဆုပ်ကိုင်ပြီးထွက်သွားခဲ့လေ
သော ဆရာဝန်ကြီးများကိုကြည့်ရင်း ရှင်းရင်
ထဲ ဗလာကြီးသာကျန်ခဲ့ရလေသည် ။ အခုအ
ခြေအနေက ဘာကြီးလဲ ။ ဖေဖေကရော...?
ဘေးမှ မေမေ့၏ယူကြိုးမရငိုသံကိုကြားမှရှင်း
အမြန်လူးလဲပီးအသိဝင်ကာ မေမေ့ကိုတင်းတင်း
ကြပ်ကြပ်ပွေ့ဖက်လိုက်မိသည်။

''သားရယ် မင်းဖေဖေက မေမေတို့သားအမိကို
စိတ်ချသွားနိုင်ပြီနဲ့တူပါရဲ့ အဟင့်....အီး''

မေမေက ဝမ်းပန်းတစ်နည်းရိူက်ပြီးငိုချလေ
သည် ။ ရှင်းမျက်ဝန်းမှမျက်ရည်များသည်လဲ
အတိုင်းအဆမဲ့စွာယိုစီးကျလာလေသည်။ ထို
စဥ်

''ရှင်း...... ''

''အန်တီ''

ဒီအသံ.....။ ဒါအကို့ရဲ့အသံ ။

တဖတ်ဖတ်ပြေးလာသံနှင့်အတူ အကိုကရှင်း
နှင့်မေမေ့နားသို့ရောက်လာပြီး မေမေ့ကိုရော
ရှင်းကိုရော နွေးထွေးစွာပွေ့ဖက်လာလေသည်
အကို့ရင်ခွင်ထဲရောက်သည်နှင့် ရှင်းပါ ဝမ်းပန်း
တစ်နည်းငိုချလိုက်မိတော့သည် ။ အကိုဟာလဲ
နှစ်သိမ့်းရာစကားမဲ့နေသလိုမျိုး ရှင်းတို့ကိုသာ
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပေးလေသည်

BLANK-ကွက်လပ်Where stories live. Discover now