"အဆင်ပြေရင်ပြီးတာပါပဲ ဆိုင်ဖွင့်မယ်ဆိုတော့မင်းဘာတွေစီစဥ်ပြီးပြီလဲ"

"ဟင့်အင်း ဘာမှမလုပ်ရသေးဘူး အစားအသောက်တွေကိုတော​့မင်းဆီကအကူအညီလိုအပ်တယ် ဆိုင်ကိုလဲမကြည့်ရသေးဘူး ငါမင်းကိုအရင်ပြောပြတာအဆင်ပြေမလာလို့"

"ဒါကမင်းဆုံးဖြတ်ရမှာကိုဘာလို့ငါ့ကိုလာပြောနေတာလဲ "

ရိပေါ်ကရှောင်းကျန့်မျက်နှာကိုစူးနစ်စွာစိုက်ကြည့်ပြီးတိတ်ဆိတ်နေသည်။ရှောင်းကျန့်ကနေရခတ်သွားပြီးဟိုဟိုဒီဒီအကြည့်လွဲနေတယ်။

"ငါဘာပဲလုပ်လုပ်မင်းကိုအသိပေးချင်တယ်မင်းဆီကအကြံဉာဏ်တွေလိုချင်တယ် မင်းကငါ့ကိုလမ်းပြပေးနိုင်မယ်ထင်လို့လေ"

ရှောင်းကျန့်ကရိပေါ်ကိုစောင်းငဲ့ကြည့်ကာမျက်လုံးတွေကွေးပြီးမှေးကျတဲ့ထိပြုံးပြလိုက်သည်။

"မင်းကငါ့ကိုအားကိုးနေတာပဲ.ကောင်းပြီလေရှောင်တိကအားကိုးမှတော့လဲရှောင်ကောကကူညီပေးရမှာပေါ့ "

"မစနဲ့ရှောင်းကျန့်"

"ဘာလဲ မကြိုက်ဘူးလာ"

"......"

ရူတည်တည်နဲ့စိုက်ကြည့်နေတော့ရှောင်းကျန့်ကခပ်ဟဟရယ်လိုက်သည်။

"ရိုးရာစျေးလမ်းမှာငါ့အသိတစ်ယောက်ဆိုင်ရှိတယ် သူလဲအရင်ကရိုးရာစားသောက်ဆိုင်ဖွင့်ခဲ့တာပဲ အခုထိုင်ဝမ်ကိုပြောင်းရွေ့တော့မှာမလို့ဆိုင်ကိုသင့်တဲ့စျေးနဲ့ရောင်းချင်တယ်လို့ဟိုတလောကငါ့ကိုပြောနေတယ် မင်းစိတ်ဝင်စားရင်ငါတို့သွားကြည့်ပြီးသူနဲ့စကားပြောလို့ရတယ် ဘယ်လိုလဲရှောင်တိ"

စကားအကောင်းပြောနေရင်းထဖောက်တဲ့ရှောင်းကျန့်ကြောင့်ရိပေါ်ကမျက်စောင်းထိုးလိုက်တယ်။

"မင်းသဘောကျရင်ရပြီ"

"ဟမ်?"

"ဘာမှမဟုတ်ဘူး"

ရိပေါ်ကတိုးတိုးလေးပြောလိုက်တာမလို့ရှောင်းကျန့်ကမကြားလိုက်ပေ။ရိပေါ်ကရှောင်းကျန့်ကိုထားခဲ့ကာထ ထွက်သွားသည်။

No Reason ✔Where stories live. Discover now