အပိုင်း(၁၉)

Start from the beginning
                                    

" ခင်ဗျား အခုကျုပ်ကိုနမ်းမလား ကျုပ်ခင်ဗျားကိုနမ်းရမလား "

" ဟမ် "

လွန်း ပြန်လှည့်မိကာ တအံ့တဩကြည့်မိတော့ အကြည့်ချင်းဆုံသွားရသည်။ စက္ကန့်ပိုင်းလောက် အကြည့်ချင်းဖလှယ်နေရာမှ
ရှိုင်းမျက်နှာက လွန်းဆီသို့ ပို၍တိုးလာတာမို့ မျက်လုံးများပင်ပြူးလာရသည်။

" ဘာ... ဘာလုပ်မို့လဲ "

" ဘာလို့လဲ ခင်ဗျားမနမ်းလို့ကျုပ်နမ်းမလို့လေ ဘာလဲခင်ဗျားနမ်းချင်လို့လား "

" မင်း! အွန့်.... "

မိမိနှုတ်ခမ်းအား ငုံခွခြင်းခံလိုက်ရတာကြောင့် မျက်လုံးများပင် ပြုတ်ထွက်မတတ်ပြူးကြောင်သွားရသည်။

ပြွတ်!

မိမိနှုတ်ခမ်းအား အပေါ်တစ်လှည့်ျအာက်တစ်လှည့် အင်ုးမရစုပ်ယူနေတာကြောင့် အသံပင်ထွက်လာရသည်။

နှုတ်ခမ်းတစ်ခုလုံးကိုလက်လတ်မှုမရှိအောင် နမ်းရှိုက်နေတာမို့ ရှိုင်းပုခုံးအား ထုရိုက်ကာ တားဆီးမိတော့ လွှတ်ပေးလာသည်။

" မင်း! အရှက်မရှိဘူးလား လူတွေကြည့်နေတာကို "

" ဘာဖြစ်တုန်း ဘာလဲ ဘယ်သူမှမရှိရင်တော့ ကိစ္စမရှိဘူးပေါ့လေ "

" မင်း.... "

" ဟားဟားးး စတာပါဗျာ ဆောရီးစိတ်မထိန်းနိုင်ဖြစ်သွားလို့ "

သဘောတကျအော်ရယ်မိတော့ လွန်းမျက်နှာတို့ နီမြန်းလာခဲ့သည်။ ဘယ်လောက်ထိရှက်နေလည်းဆိုတာ နားရွက်ဖျားလေးတွေကညသက်သေပင်။ နးရွက်ဖျားလေးတွေထိ ရဲတက်လာခဲ့တာမို့ ခေါင်းအားငုံ့ထားမိသော်လည်း ရှိုင်းမြင်ဖြစ်အောင်မြင်ပါသည်။

• • • • •

" ကိုယ်... ကိုယ့်နာမည်က ထွဋ်ခေါင်မင်းမြတ်ပါ "

" ကျွန်မ မသိချင်ပါဘူး ကျွန်မသိချင်တာ ရှင်ဒီမှာဘာလုပ်နေတာလဲလို့ ရှင်ကဆရာဝန်လား "

မေ့နေပါသည်။ ထွဋ်မနက်‌ေစာစော ဆေးရုံမှထွက်ခဲ့တာမို့ ဂျုတီကုတ်ကိုချွတ်မလာမိခြင်းသာ။

" ဟုတ် ဘာလို့လဲဗျ ဘယ်နားနာလို့လဲ "

" အို... ဒီတိုင်းပြောလိုက်ရုံပါ "

MY Bad Elder Brother...Where stories live. Discover now