အပိုင်း - ၁၃

Comenzar desde el principio
                                    

"အာ အိမ်နောက်ဖက်ကစိုက်ခင်းကိုကျော်ရင် အိမ်သာရောက်ပြီဗျ..."

"ကျေးဇူးညီလေး အကိုမအောင့်နိုင်တော့လို့.."

"အာ အကိုဒီမီးလေးယူသွားပါဗျ..."

လက်ထဲကမီးအိမ်ကို ကပြာကယာယူပြီးပြေးထွက်သွားတဲ့နောက်လိုက်ကြည့်ပြီး ဝလုံးရီချင်စိတ်ကိုမြိုသိပ်ထားရသည်...

ဒီအကိုဟာ အမြဲတမ်းနောက်ဖေးသွားချင်နေတာလားမသိ...

စောင်ကိုပတ်ထားတာ မျက်နှာလေးပဲပေါ်နေတာကြောင့် ပင်ကွင်းလေးလိုဖြစ်နေတဲ့ကောင်လေး...
ပေါ်နေတဲ့မျက်နှာပြည့်ပြည့်လေးက ရီချင်နေတာကို နှုတ်ခမ်းလေးကိုက်လို့ချုပ်တီးထားဟန်...

မနီးမဝေးအကွာအဝေးကြောင့် ခပ်ရဲရဲဖြစ်နေတဲ့နှာခေါင်းထိပ်ကလေးကိုပါ မြင်နေရသည်... အဝေးကကြည့်ရင်တောင် ထင်းနေတဲ့မျက်တောင်ရှည်ရှည်နက်နက်လေးတွေ...

ဖျတ်ခနဲမော့ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်လေးတွေကြောင့် မလုံမလဲဖြစ်သွားရသည့်စိတ်ကို ဘေးသို့အကြည့်လွှဲလိုက်ရင်းသာ ဖြေဖျောက်ရသည်...

"ဟို..အထဲဝင်စောင့်ပါလား..ကြာမယ်နဲ့တူတယ်.."

"ဒါဆို ခွင့်ပြုပါအုံး.."

ဖယောင်းတိုင်မီးမှိန်မှိန်အောက်က အိမ်ခန်းလေးဟာ မကျဉ်းလွန်းမကျယ်လွန်းပဲ သပ်သပ်ရပ်ရပ်...

"ဟဲ့ ဘယ်သူတွေတုန်း သားလုံး.."

ဝလုံးနောက်ကလိုက်လာတဲ့လူကြောင့် အမေကလှဲနေရာကနေထထိုင်ပြီးမေးတယ်..

"ဆရာတို့အမေ့..ချိုင့်လာပေးတာတဲ့ ထိုင်ပါအုံးဗျ.."

ခင်းထားတဲ့ထန်းလျှောဖျာပေါ် ထိုင်ခိုင်းလိုက်ပြီး ချိုင့်ထားဖို့မီးဖိုချောင်ဘက်ဝင်သွားလိုက်သည်..

"မိုးချုပ်မှဒုက္ခရှာလို့ဆရာလေးရယ် .."

"လှဲနေပါအဒေါ် ကျွန်တော်တို့လည်းအားတာနဲ့ ရောက်ဖူးအောင်ပါ.."

"နောက်လည်းအချိန်မရွေးလာလို့ရပါတယ်ဆရာလေး အားမနာပါနဲ့.."

"ဟုတ်ကဲ့.."

"အကြမ်းရေလေးသောက်ပါအုံးဗျ.."

"ဝလုံးလေး"Donde viven las historias. Descúbrelo ahora