"ဝမ်အန်းရှောင်းကျန့် "

ရိပေါ်ကပြောပြီးရေချိုးခန်းထဲဝင်သွားသည်။ရှောင်းကျန့်ရဲ့ရေချိုးခန်းထဲမှာထောင်ထားတဲ့ကိုယ်လုံးပေါ်မှန်ကြီးကြောင့်ဝင်ဝင်ချင်းသူလန့်သွားသည်။

"Shitt ဒီမှန်ကြီးကဘာလို့ထားထားတာလဲ ကြည့်ရတာသူရေချိုးတာမှန်ကြည့်ပြီးချိုးတယ်ထင်တယ်"

ရိပေါ်ကရေခလုတ်ဆွဲကာအေးဆေးရေချိုးနေလိုက်သည်။တစ်ချက်တစ်ချက်ထိုမှန်ကြီးကိုတွေ့ပြီးကြက်သီးထမိတယ်ဒါကြောင့်မှန်ကိုကျောခိုင်းထားလိုက်တယ်။

ရေချိုးခန်းကရေကျသံတွေကြောင့်အိပ်နေတဲ့ရှောင်းကျန့်ကနိုးလာသည်။သူ့ရေချိုးခန်းကအသံတွေကြားရတာကြောင့်မျက်လုံးပြူးသွားကာကြက်သီးမွှေးညှင်းတို့ထောင်သွားတယ်။

"ဘာလားဟ သရဲကြီးလာ "

ရှောင်းကျန့်ကကုတင်ပေါ်ကဆင်းကာခြေသံဖွဖွနင်း၍ရေချိုးခန်းဆီခပ်ကုပ်ကုပ်လျောက်သွားတယ်။နံရံထောင့်မှာထောင်ထားတဲ့ဘေ့စ်ဘောတုတ်ကိုယူဖို့လဲမမေ့ပေ။

"ငါ့သားလေးကိုမသုံးရတာအတော်ကြာပြီ သူခိုးဆိုရင်ခေါင်းကွဲဖို့သာပြင်ထား အယ် သရဲဆိုရင်လဲဘာကြောက်စရာလိုလဲ သရဲထီးဆိုရင်ကန်ထုတ်ပစ်မယ်သရဲမဆိုရင်ငါ့မိန်းမလုပ်လိုက်မယ်"

ရှောင်းကျန့်ကကြုံးဝါကာရေချိုးခန်းသို့ချည်းကပ်သွားသည်။ရိပေါ်ကအေးဆေးစွာဆပ်ပြာကို တစ်ကိုယ်လုံးအနှံ့တိုက်နေတယ်။ရှောင်းကျန့်ကရိပေါ်ရှိတာကိုမေ့လျော့နေကာအိမ်ထဲသူခိုးဝင်သည်ဟုထင်မှတ်နေလေသည်။ဒါကြောင့်သူခိုးဖမ်းဆီးရန်ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်..

ရိပေါ်ကအနောက်ကတံခါးရုတ်တရတ်ပွင့်သွားတာကြောင့်လန့်ဖျပ်ပြီးလှည့်ကြည့်လိုက်တော့မတ်မတ်ကြီးရပ်နေတဲ့တုတ်ကိုင်ထားတဲ့ရှောင်းကျန့်ကိုတွေ့လေသည်။နှစ်ယောက်လုံးကြောင်အနေပြီးမှရှောင်းကျန့်ရဲ့မျက်လုံးကတဖြည်းဖြည်းအောက်ရောက်သွားပြီးရိပေါ်တစ်နေရာမှာရပ်တန့်သွားတယ်။

"ဝေါင်း..နည်းတာကြီးမဟုတ်ဘူး"

"အား!!!!!!!"

No Reason ✔Where stories live. Discover now