အပိုင်း(၁၆)

Start from the beginning
                                    

လွန်း၏ကျောပြင်အား ဖွဖွလေးပွတ်ကာ စိတ်ထဲကပါ အပြင်မှာရော တိုးညှင်းစွာ ပြောမိသည်။

ပြီးနောက် ကုတင်ပေါ်မှ‌ေခါင်းအံုတစ်လံုးယူကာတိတ်တဆိတ်ဆင်းပြီး ကြမ်းခင်းပေါ်တွင် လှဲလိုက်‌ပြီး လွန်းကျောပြင်ကိုငေးကြည့်နေမိသည်။

( အရာရာတိုင်းအတွက် တောင်းပန်ပါတယ် ခင်ဗျားရယ် )

ထိုစကားကိုတော့ စိတ်ထဲမှသာ ပြောမိသည်။
ပြီးတော့ မျက်လုံးအားမှိတ်ကာ အိပ်စက်ဖို့ ပြင်သည်။

( ငါတောင်းပန်ပါတယ် မောင်ရယ် ငါမောင့်ကိုချစ်ပါတယ် မချစ်ရဲတာဘဲရှိတာပါ လူနှစ်ဦးပျော်ရွှင်ဖို့အတွက် ဘေးလူအသိုင်းအဝိုင်းကို ဥပက္ခာပြုပြီးနေလို့မရဘူးလေ အထူးသဖြင့် မေမေတို့ပေါ့ မောင်တော့မသိပေမဲ့ ငါတော့ မေမေတို့ကိုသစ္စာမဖောက်ချင်ဘူး ငါမောင့်နားမှာဘဲအမြဲရှိနေပေးမှာပါ )

အတွေးတို့အား ရပ်ပစ်ကာ မျက်လုံးများကိုမှိတ်ထားမိသည်။ မျက်လုံးမှိတ်ထားရာမှ မထိန်းနိုင်ဘဲထွက်ကျလာတဲ့ မျက်ရည်များ...

• • • • •

လတ်ဆတ်သောလေသစ်တို့တိုက်ခတ်နေသော မနက်ခင်းတစ်ခု။ ရပ်ကွယ်ငယ်အတွင်း မနက်ပိုင်း ချက်ပြုတ်နေကြသည့်အသံများ ကလေးငယ်များပြေးလွှားကစားနေကြသည့်အသံများက ဖုံးလွှမ်းထားသည်။

" အမ သက်သာရဲ့လား "

" အင်း အမသက်သာသွားပါပြီ ဘာမှမဖြစ်တော့ဘူး အမလမ်းထိပ်ဘက်ခနသွားဦးမယ် ဝယ်စရာလေးရှိလို့ "

" ဘာဝယ်မလို့လဲအမရဲ့ ကျွန်တော်လိုက်ခဲ့ပေးမယ် "

" အင်းရတယ်လေ သွားရအောင် "

လွန်းနှင့်နဒီနှစ်ဦးသား အိမ်မှထွက်လာခဲ့ကြသည်။ဖွားဖွားက အိမ်တွင် ချက်ရင်းပြုတ်ရင်းကျန်နေခဲ့သည်။ ဖွားဖွားအသက်ကသိပ်တော့မကြီးလှ။ ၅၀ကျော်လောက်သာရှိလိမ့်မည်။ လွန်း၏အခန်းထဲတွင်တော့ ရှိုင်းတစ်ယောက်ကြမ်းခင်းတွင် အိပ်မောကျနေရာမှ နိုးလာခဲ့သည်။ ညကခေါင်းအုံးသာယူပြီးအိပ်ခဲ့ပေမဲ့ ဘယ်အချိန်ကခြုံပေးထားလဲမသိသည့် စောင်ပါးလေးတစ်ထည်က
ရှိုင်းကိုယ်ပေါ်တွင် ဖြန့်ခြုံထားသည်။

MY Bad Elder Brother...Where stories live. Discover now