ပြောရင်း စိုင်းဝေယံကိုမျက်နှာကိုမော့ကြည့်ရင်း
ရယ်မောနေသူလေးကြောင့် ရင်ထဲစိတ်မကောင်း
ဖြစ်သွားရသလိုလို ။ သူ ရှင်းကို အိမ်အလည်ခေါ်
လို့မှမရပဲ....

ထိုအကြောင်းအရာကိုမသိသောရှင်းက စိုင်းဝေ
ယံကို ကိုလက်ညိုးထိုးလျက် တဟားဟားအော်
ရယ်ရင်း

''မေမေရေ ကြည့်ပါအုံး မေမေ့အချစ်တော်ဘော
စိက သူ့အိမ်လိုက်လည်မယ်ပြောလို့ဖြစ်သွားတဲ့
ရုပ်ကို ဟားဟား.... အကိုကဗျာ တကယ့်ကပ်
စေးအိုး ''

ပြောပြီးသည်နှင့် သူ့ပုခုံးကိုတွန်းတိုက်ရင်း အသီး
လှီးနေသော အန်တီဆီသို့ လုံးတုံးတုံးဖြင့်ခြေ
ဆောင့်ကာထွက်သွားလေတော့သည် ။

'' မင်းက ဒီလောက်မွှေနေတာကိုခေါ်ချင်မလား
ကွ ဟမ်...''

သီတင်းစာဖတ်နေသော ဖေဖေကပါဝင်ပြော
လာသည်မို့ ရှင်းဘက်၌ရှင်းသာရှိတော့လေ
သည် ။

'' အိုး အိုး ကြည့်စမ်းပါအုံး တစ်အိမ်လုံးမှာ
ကျွန်တော်က အငယ်ဆုံးဖြစ်နေတာကိုအလို
လိုက်မယ်ဆိုတာမရှိကြဘူးပဲ နေပေါ့ဖေဖေ
ကြိုက်တဲ့ ကီဝီသီးတွေကို အကုန်စားပစ်အုံး
မယ်... ''

''ဟားဟား.... ''

ရှင်းစကားကြောင့် ၃ယောက်လုံးဆီမှရယ်သံ
ပြိုင်တူထွက်လာလေတော့သည် ။

''ကဲ ဆရာသမားရယ်နောက်မှစားပါကွာလာ
အရင်ဆုံး မွေးနေ့ရှင်ရဲ့လက်ရာလေးကိုလာ
မြည်းကြည့်အုံး ''

အသံနှင့်အတူ အကိုက ကြာဇံဟင်းခါးပန်းကန်
များကို ထမင်းစား စားပွဲဆီသို့ယူလာလေသည်
သံပုရာသီးအန့ံနှင့်အတူ ငရုတ်သီးအကျက်
ကြော်မူန့်ရနံ့က သရည်ကျလောက်စရာပင် ။
ကြက်သားမျှင်လေးများဖြင့်ပြုလုပ်ထားသော
ဟင်းရည်ရနံ့ကိုရလိုက်ချိန်မှာတော့ ရှင်းဟန်မ
ဆောင်နိုင်တော့ပဲ အပြီအပြင်သာလွေးလေ
တော့သည် ။

'' မောင်ဝေယံ အလုပ်တွေက အဆင်ပြေတယ်
မဟုတ်လား ''

''ဟုတ်ကဲ့ အန်ကယ်အဆင်ပြေနေပါတယ် ''

''အွန်းကွာ မင်းက လူတော်လေးပါ မင်းညီကို
လဲ လိုတာရှိရင်သင်ပြပေးအုံး ဒီကောင်ကအ
သက်သာ ၂၀ ကျော်လာတာ ကလေးလုပ်ချင်
နေတုန်း အခုလည်း သူ့မော်ဒယ်အလုပ်ကို မင်း
အတွက်ပဲ လုပ်ပေးမှာပါဆိုပြီး တဂျီဂျီလုပ်နေ
လို့ အန်ကယ်က ခွင့်ပြုပေးလိုက်တာ ''

BLANK-ကွက်လပ်Where stories live. Discover now