"ရိပေါ် လာ.လာ ငါနဲ့အတူTvကြည့်ရအောင်"

Tvမှာလာနေတဲ့ဟိုင်မြန်းပေါင်ပေါင်းကားကိုအတူကြည့်ဖို့ခေါ်နေသည်။ဆိုဖာပေါ်ဒူးတုတ်ပြီးကျုံ့ကျုံ့လေးထိုင်ကာရီမုကိုလဲသွားနဲ့ကိုက်နေသေးသည်။ရိပေါ်ကရှောင်းကျန့်ဘေးမှာဝင်ထိုင်ပြီးရီမုကိုယူလိုက်သည်။

"မင်းကကြွက်လာ.ရီမုကစားစရာမဟုတ်ဘူးမင်းသွားတွေပဲ့ကုန်မယ် "

"သွားယားလို့ ကိုက်စရာမရှိရင်မင်းကိုကိုက်မယ်လေ"

"ဟမ်?"

ရှောင်းကျန့်ကရိပေါ်ရဲ့လက်မောင်းကိုမနာအောင်ဖွဖွကိုက်လိုက်သည်။ကိုက်ထားရင်းနဲ့မျက်လုံးရွဲကြီးတွေနဲ့ကြည့်လာတော့သူ့တစ်ကိုယ်လုံးရှိန်းကနဲဖြစ်သွားသည်။တံတွေးမသိမသာမျိုချကာရှောင်းကျန့်ခေါင်းကိုအနောက်တွန်းလိုက်တယ်။ရှောင်းထုထုကသဘောကျပြီးတဟီးဟီးရယ်နေသည်..

ရိပေါ်ကရှောင်းကျန့်စားဖို့ပန်းသီးခွာနေပြီးရှောင်းကျန့်ကTvကိုသာစိတ်ဝင်တစားကြည့်နေသည်။သွားယားတယ်ဆိုပြီးသူ့ကိုလှမ်းလှမ်းကိုက်နေတာမလို့ဂျယ်လီချောင်းတစ်ချောင်းပေးထားလိုက်သည်။အဲ့ဒါကိုတတိတိကိုက်ဝါးနေတော့သူ့လက်မောင်းလေးလဲချမ်းသာရ ရသွားတာပေါ​့။

"ရှောင်းကျန့် ပန်းသီးရပြီ"

"အင်း..အာ..."

ရှောင်းကျန့်ကပန်းသီးတစ်စိပ်ကိုခက်ရင်းနဲ့ထိုးပြီးသူ့ကိုခွံ​့ကျွေးသည်။ရိပေါ်ကရှက်ဝဲဝဲလေးပြုံးကာပါးစပ်ဟပေးလိုက်တော့ပန်းသီးစိပ်ကလျှာပေါ်ရောက်လာတယ်။အားပါးပါး..ချိုမြနေရော နူးညံ့ပြီးလတ်ဆတ်တယ် အရည်ရွှမ်းရွှမ်းနဲ့ရှောင်းကျန့်လိုပဲ..အာ..ရှောင်းကျန့်ရဲ့မျက်လုံးလေးတွေလိုပဲ..

"မနက်ဖြန်ကျရင်မင်းအလုပ်ထွက်ရှာအုံးမလို့လာ"

"အင်း ရှာရမှာပေါ့မတွေ့မချင်း"

"မင်းအရင်ကdancerလုပ်တာမဟုတ်ဘူးလာ ခုဘာလို့မလုပ်တော့တာလဲ ငါမင်းကတာကိုတွေ့ဖူးတယ် အရမ်းမိုက်တာ ပြီးတော့မင်းကနေတဲ့အချိန်ဆိုsexyကျပြီးဆွဲဆောင်မှုအပြည့်ပဲမင်းသာdancerလုပ်မယ်ဆို ကမ္ဘာကျော်မှာသေချာတယ်"

No Reason ✔Where stories live. Discover now