အပိုင်း(၁၄)

Start from the beginning
                                    

" ကျွန်တော်မသိဘူးဖေဖေ "

" ဟ! မင်းကမသိတာချည်းဘဲ "

" မသိတော့ဘူးဗျာ ကျွန်တော့်ကိုယ်ကျွန်တော်လည်း နားမလည်နိုင်တော့ဘူး ကျွန်တော်က ရုတ်တရက်ကြီး လွန်းကို... "

ရှိုင်းဆက်ပင်မပြောနိုင်တော့အောင် ဝမ်းနည်းနေပုံရသည်။ ဖအေဖြစ်သူက သား၏ပုခုံးအား လက်ဖြင့် အသာပုတ်ကာ

" အချိန်တွေအများကြီးပါ သေချာလေးအချိန်ယူစဉ်းစားပေါ့ လွန်းကိုလည်း အချိန်ပေးသင့်တယ်လို့ထင်တယ် "

" ... "

ဖေဖေကပြောတော့ ရှိုင်းကခေါင်းညိတ်လိုက်သည်။ ရှိုင်းခေါင်းငုံ့ထားတာကြောင့် အားလုံးမမြင်လိုက်တဲ့အရာတစ်ခုရှိသည်။ ထိုအရာက...

ရှိုင်းက ငိုနေသည်တဲ့လေ။ အေးဆေးတည်ငြိမ်ပြီး ငယ်ငယ်တည်းက မငိုခဲ့တဲ့သူက ခုကိစ္စကြောင့် လွယ်လွယ်နဲ့မျက်ရည်ကျခဲ့သည်။ ရှိုင်းငိုနေတာကိုသာ မြင်ကြရင် လွန်းကိုချစ်တယ်ဆိုတာ အတည်ပြုပြီးသားဖြစ်ပါလိမ့်မည်...

( ဒါ ခင်ဗျားအတွက်နဲ့ ပထမဆုံးမျက်ရည်ကျဖူးတာဘဲ လွန်းငယ် )

• • • • •

Monတစ်ယောက် အခန်းထဲတွင် ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နှင့် ပြာယာခတ်‌ေနတာ့သည်။

" တောက်! လွန်းငယ် နင်ကငါပိုင်တဲ့အရာကို လူယူချင်နေတာဘဲ ပြီးမှ ငါ့အဆိုးမဆိုနဲ့ "

ကောက်ကျစ်စဉ်းလဉ်းသည့် မြေခွေးတစ်ကောင်လို အပြုံးမျိုးပြုံးကာ တစ်ခုခုအား ကြံစည်နေတော့သည်။

ခုနက ရှိုင်းပြောသည့်စကားများကို လွန်းအကုန်ကြားလိုက်ပါသည်။ ကိုယ့်ကိုရုတ်တရက်ဂရုစိုက်လာတဲ့လူတစ်ယောက်အကြောင်း စပ်စုချင်မိတာကြောင့် တံခါးဖွင့်ကာ ချောင်းကြည့်နေခဲ့မိသည်။ အသံကျယ်ကျယ်ပြောတာမို့ ရှင်းလင်းစွာကြားရဖို့တော့ လုံလောက်သည်။ သို့သော် အားလုံးကို လွန်းငယ်ကြားသွားသည်ကို monသာသိသည်။ သူမက လွန်းမြင်လိုက်တာကြောင့် ဒါသူမအတွက် ဂွင်တစ်ခုလိုပင်ဖြစ်နေသည်။

" နင်တို့အားလုံး မပျော်ရွှင်စေရဘူး "

အတ္တကြီးလွန်းတဲ့သူမအဖို့တော့ မည်သူက တားဆီးနိုင်မည်နည်း...

MY Bad Elder Brother...Where stories live. Discover now