Part [2.1] Z+U

Zacznij od początku
                                    

ပြန်ရောက်လာတဲ့ အတွင်းရေးမှူးယောက တိတ်တဆိတ်ပြောလာတော့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ကို သတိထားပြီး ကြည့်နေတာကြောင့် မူယွန်က ခဏလောက် မျက်ခုံးတွေ တွန့်ချိုးသွားတယ်။ နှာတံကို ဖိနှိပ်ရင်း မျက်မှန်ကို ကောက်ယူပြီး ပြန်ဝတ်ဆင်လိုက်တယ်။
အတွင်းရေးမှူးက အပြင်ကို ချက်ချင်းပြန်ထွက်သွားပြီး အစီရင်ခံဖို့ စောင့်နေတဲ့လူတွေကို သွားခေါ်လေရဲ့။
PR Team ကလူတွေ သူ့ရုံးခန်းထဲဝင်ရောက်လာပြီးတဲ့နောက်မှာတော့ အခန်းမီးရောင်က မှိန်ပျပျဖြစ်သွားတယ်။

"ကျွန်တော်တို့ရဲ့ ကြော်ငြာဗီဒီယိုအကြောင်းအရာက...."

ထင်သာမြင်သာရှိတဲ့ရှင်းပြချက်တွေ စတင်တော့မဲ့အချိန်မှာ မူယွန်က ဖယ်ပေးဖို့ လက်ပြလာတယ်။ သူက ဒီနှစ်အတွက် ဆိုးဂန်အုပ်စုရဲ့ ပုံရိပ်နဲ့ အမြင်ကို မြှင့်တင်ဖို့ရာ လုံးဝ အာရုံစိုက်ထားတာပါ။
အစီအရင်ခံဖို့ လာတဲ့သူတွေက အလျင်အမြန် ဖယ်ပေးလိုက်ကြတော့ ရုံးခန်းထဲက မီးတွေက ပိတ်သွားပြီး စားပွဲရဲ့ရှေ့မှာ ရှိနေတဲ့ TV က ပွင့်သွားတာကြောင့် မူယွန်က ရှေ့ကိုနည်းနည်းကိုင်းလိုက်ရင်း အကြည့်တွေက TV ဆီမှာသာ ကပ်ငြိနေတော့တယ်။
အနည်းငယ်ဩရှပြီး သာယာလှတဲ့ ယူအီရင်းရဲ့အသံ တိုးတိုးလေးက ဇာတ်ကြောင်းပြောပြလာတာကို ကြားလိုက်ရတော့ မူယွန်က သူ့ရဲ့လက်ကို အနည်းငယ်ဖျစ်ညှစ်ပြီးတဲ့နောက် ပြန်ဖြည်လိုက်ပြီး သူသိပြီးသားအကြောင်းအရာတွေကို ရွတ်ပြနေတဲ့ အသံကို စူးစူးစိုက်စိုက်နဲ့ နားထောင်နေတယ်။
အသံရပ်သွားတဲ့အခါ အမည်းရောင်ဖန်သားပြင်က အဖြူရောင်ကို ပြောင်းသွားကာ စာတွေ ပေါ်လာပြီးတဲ့နောက် ယူအီရင်းရဲ့မျက်နှာကိုသာ တွေ့ရတော့တယ်။ အချိန်အနည်းငယ်ကြာ သူရဲ့မျက်နှာကို မြင်ပြီးတဲ့နောက်မှာတော့ မူယွန်က လက်ကို မြှောက်လိုက်ပြီး ဖန်သားပြင်ကို ချက်ချင်းရပ်ပစ်လိုက်တယ်။
ရုံးခန်းထဲက မီးတွေက ပြန်လင်းလာပြီး မူယွန်ရဲ့မျက်ခုံးတန်းတွေက အနည်းငယ် တွန့်ချိုးသွားတယ်။

"ဘာဖြစ်လို့လဲ sir မကြိုက်လို့လား"

"ဒါက အကောင်းဆုံးရလဒ်လား"

SponsorOpowieści tętniące życiem. Odkryj je teraz