အပိုင်း(၉)

ابدأ من البداية
                                    

" မသိဘူး တွေ့အောင်ကိုရှာရမယ် လွန်းမှာ သွားစရာနေရာလည်း ရှိတာမဟုတ်ဘူး "

" အင်းးးး ဘာတွေဖြစ်ကုန်တာလဲရှင် ကျွန်မဖြင့် စိတ်တွေတော်တော်ညစ်နေပြီ ဘာလို့ကျွန်မတို့မိသားစုမှာမှ ဒီလိုတွေဖြစ်နေရတာလဲ "

" မငိုပါနဲ့ ခင်ရယ် ကိုယ်တို့လွန်းကို တွေ့အောင်ရှာကြမယ်‌နော် "

ခင့်အားနှစ်သိမ့်စကားဆိုကာ ရင်ခွင်ထဲတင်းကြပ်စွာဖက်ထားလိုက်သည်။ ချစ်ရသူ ခင်ကတော့ ဦးရှိုင်းမင်းဆက် ရင်ခွင်ထဲတွင် ငိုကြွေးနေရှာသည်။

" ဟာကွာ တောက်! "

ဘုန်း! ဒုန်း!

ရှိုင်း ဒေါသကြောင့် နံရံကို လက်ဖြင့် ထိုးနေမိသည်။ကြာတော့ လက်မှ သွေးများပင်ထွက်လာတော့သည်။ ထိုဒေါသကြောင့် နာကျင်မှုကိုပင် မခံစားနိုင်တော့။

" ဖေဖေရာ ကွန်တော်က ဖေဖေ့သားအရင်းပါ ဖေဖေဘာကိစ္စ အဲ့ကောင်ဘက်က ပါနေရတာလဲ ကွာ... တောက်! "

ဒေါတပုန်ထနေတဲ့ ရှိုင်းက ကျားရိုင်းတစ်ကောင်လို မှုန်ယိုနေသည့်မျက်နှာ။ ဒေါသကြောင့် မြန်နေတဲ့ အသက်ရှူသံတွေကလည်း အခန်းတွင်း ပျံ့လွင့်နေသလို တစ်ရှူးရှူးတစ်ရှားရှား ဖြစ်နေသည်။

" တောက်! "

• • • • •

မျက်လုံးဖွင့်လိုက်သည်နှင့် မှောင်ရိပ်တို့ ပျောက်ကွယ်သွားပြီး သာယာသော နေရောင်ခြည်ကို မြင်ရသည်။

" နိုးပြီလား ထ ဆေးသောက်လိုက်ဦး "

ဘေးနားတွင်ရှိသော ကောင်မလေးက စားပွဲပေါ်တင်ထားသော ဆေးဗူးထဲမှ ဆေးတစ်လုံးထုတ် လွန်းအား ရေနှင့်အတူ ကမ်းပေးလာသည်။

" ကျွန်တော်... ဟို.. အမက "

" အော် မင်း တံတားမှာ လှဲနေတာတွေ့လို့ ခေါ်လာတာ မနက်ကတော်‌ေသးတယ် အ‌ေစာကြီးငါလုပ်စရာရှိလို့ အဲ့ဘက်ကဖြတ်ရင်းနဲ့ မင်းကိုတွေ့တာ "

" အာ... ကျေးဇူးပါဗျ "

" အင်.. ရပါတယ် ရော့ ဆေးသောက်ထားလိုက်ဦး "

" ဟုတ် ထပ်ပြီး ကျေးဇူးတင်ပါတယ် "

" ရပါတယ် "

MY Bad Elder Brother...حيث تعيش القصص. اكتشف الآن