အပိုင်း(၇)🔞

Start from the beginning
                                    

" မေမေ ကျွန်တော်ပင်ပန်းနေလို့ သွားနားတော့မယ်နော် "

" အေးအေး စောစောနားတာကောင်းပါတယ် ကောင်းသောညပါ သားလေး "

" ဟုတ်ကဲ့ "

မေမေ့အား နှုတ်ဆက်ပြီး အပေါ်ထပ်သို့ လေးပင်သော ခြေလှမ်းများလှမ်းကာ တက်နေမိသည်။ လွန်းအခန်းထဲဝင်ပြီးသည်နှင့် တဘက်ယူကာ ရေချိုးခန်းထဲသို့ တန်းဝင်လိုက်သည်။

နာရီဝက်လောက်ကြာတော့ အပေါ်ပိုင်းဗလာနှင့် အောက်ဘက်ကို တဘက်ပတ်ကာ ရေချိုးခန်းထဲမှာထွက်ခဲ့သည်။ ရေချိုးခန်းရှေ့တွင် မိန့်မိန့်ကြီးရပ်ကြည့်နေသူကြောင့် လွန်းမှာ မျက်နှာတွေပူထူလာတော့သည်။

" မင်း... မင်း ဘယ်ချိန်တုန်းက ရောက်နေတာလဲ "

" ခင်ဗျား ရေစချိုးကတည်းက.. "

" ဟမ်! ဒီဆို ဒီမှာအကြာကြီးရပ်နေတာလား "

" ဆိုပါတော့... "

လူကြီးလူကောင်းစတိုင်ဖမ်းကာ ပြောနေသော ရှိုင်းကို ကြည့်မရတော့။

" ဘာဘဲဖြစ်ဖြစ်ပါ ငါ့အခန်းထဲကထွက်သွား မင်းကိုမမြင်ချင်ဘူး "

" ခင်ဗျား သွားခိုင်းတိုင်း ကျုပ်ကသွားရမှာလား ဒီမှာ ကျုပ်တို့နှစ်ယောက်ထဲနော် ပြီးတော့... "

" မင်း... မင်းမသွားရင် ငါသွားမယ် "

လွန်းက ရှေ့တွက်ရပ်နေသော ရှိုင်းကိုရှောင်ကာ ကုတင်‌ေပါ်တွင်တင်ထားသော t-shirtအပြာရောင်နှင့်ဂျင်း‌ပျော့အနက်ရောင် ဘောင်းဘီရှည်ကို ယူကာ အခန်းထဲမှ ထွက်သွားဖို့ လုပ်လျှင်...

" ခင်ဗျားကို ဘယ်သူသွားခိုင်းလဲ "

" လွှတ်စမ်း! ငါ့လက်ကို မထိနဲ့ "

" ခင်ဗျား ကျုပ်ကိုရွံနေသလိုဘဲနော် ဘာတွေစိတ်ထဲထားနေတာလဲ ယောက်ျားချင်းဘဲ ကိုယ်ဝန်ရနိုင်တာလဲမဟုတ်ဘဲနဲ့ ဘာတွေအဲ့လောက်ဖြစ်ပျက်နေတာလဲ ဒါမှမဟုတ် ခင်ဗျားက ဂေး... "

ခွပ်!

စကားဆုံးအောင်ပင်မပြောလိုက်ရ။ အရှိန်ပြင်းပြင်းနှင့် ထိုးခံလိုက်ရတာကြောင့် ရှိုင်းမျက်နှာချက်ချင်းတည်သွားကာ ကိုင်ထားသော လွန်း၏လက်ကောက်ဝတ်အား အားထည့်ကာ ဖျစ်ညှစ်လိုက်တော့..

MY Bad Elder Brother...Where stories live. Discover now