'' နောက်နေ့လည်းအလုပ်တွေကလုပ်ရအုံး
မှာကို မောင်ရယ် တစ်ရက်တစ်လေလေးစော
စောနားပါလား...  ဟင် ''

ညအိပ်မီးရောင်မှိန်ပြပြလေးအောက်မှ ဇနီး
ဖြစ်သူ၏ အကြည့်နှင့်အပြောများသည်ဘာ
ကိုဦးတည်နေသလဲဆိုတာ ယောက်ကျားတစ်
ယောက်ဖြစ်သည့်သူ့အတွက်တော့သိရန်မခက်
ခဲလှ ။

'' အော... သက်လျာက မောင်နဲ့အိပ်ချင်နေတာ
များလား.... ?''

သူခပ်နောက်နောက်လေး စလိုက်တော့ သက်
လျာပါးလေးနှစ်ဖက်နီရဲသွားလေသည် ။

''မောင် အိပ်ရေးပျက်မှာဆိုးလို့ကို...''

''အွန်း...  အခုတော့ အလုပ်မဟုတ်ပေမဲ့အိပ်
ရေးပျက်မဲ့ကိစ္စတစ်ခုလုပ်မှရတော့မယ်ထင်
တယိသက်လျာ.....  ''

ပြောပြီးမောင်က ထလာကာ သက်လျာကို
ကုတင်ပေါ်ဆွဲလှဲပြစ်သည် ။ မျက်ဝန်းများ
ကရီဝေဝေဖြစ်နေပေမဲ့ သက်လျာအပေါ်တပ်
မက်သော စိတ်ကိုတော့မမြင်ရ ။ မောင်ကဘာ
အသားနဲ့ထုထားတာမို့လဲမောင်ရယ် ဟင်... ။
သက်လျာလို အရာအရာပြည့်စုံနေတဲ့မိန်းမ
တစ်ယောက်ကိုကျော်ပြီးမောင်ဘယ်လိုကောင်
မျိုးဆီမှစိတ်မရောက်အောင် သက်လျာထိန်း
ချုပ်ပြမှာမို့ မောင်နည်းနည်းတော့နာကျင်မ
လား ။

မောင်က သက်လျာမျက်နှာအစိတ်အပိုင်းများ
ကိုတစ်ချင်းဆီလိုက်ကြည့်ရင်း နူတ်ခမ်းများ
ထံ၌ရပ်တန့်သွားလေသည် ။ သက်လျားနူတ်
ခမ်းတွေက သိပ်လှသည်ဟု ဦးလည်းပြောဖူး
သည် ။ မောင်လဲထိုသို့ပဲမြင်မည်ထင်သည် ။
မောင့်မျက်နှာဟာ တဖြည်းဖြည်း သက်လျာ
မျက်နှာဆီတိုးကပ်လာလေသည်......။

ထိုစဥ် စားပွဲပေါ်က မောင့်ဖုန်းမြည်သံကြောင့်
မောင့်ခန္ဓာကိုယ်က ဆတ်ခနဲ့ သက်လျာအပေါ်
မှဖယ်လျားသွားပြီး ဖုန်းဆီရောက်သွားလေ
တော့သည် ။

''ဟယ်လို.... ''

''ကိုဝေယံ.... ''

ဒီအသံက မိတ်ကပ်ပိုင်းကမသက်၏အသံ ။

''မသက် ဘာဖြစ်လို့လဲ... ''

''ရှင်းလေ...... ရှင်း...''

မသက်က ဆက်မပြောပဲ ရပ်နေသဖြင့်သူရင်
ပင်ပူသွားရ၏ ။

''ရှင်း ဘာဖြစ်လို့လဲ မသက်.... ဟင် ''

BLANK-ကွက်လပ်Where stories live. Discover now