တီတိုးသံတွေကဆက်တိုက်လိုလို ကြားနေရပါလား
တစ်မိနစ်လောက်ကို အာရုံစိုက်နားထောင်နေမိတယ်
အာ ..... ငါဘာလို့ရပ်ပြီးနားထောင်နေမိတာလဲ
ဟိုတယ်မြန်မြန်ပြန်ရမှာကို ......

" ဘယ်လိုဖြစ်တာလဲ .... အသက်အန္တရာယ်မရှိ
တော့ဘူးဆို .... "
" လူနာရဲ့ခန္ဓာကိုယ်က ပင်ပန်းနေတယ် .... အဲ့ဒါကို အဆိပ်ကပြင်းတော့ ခံနိုင်ရည်မရှိတာ ..... "
" သတိရလာမှာမလား ..... ဆရာ "
" စောင့်ကြည့်ရဥိးမယ် ..... "

အခုထိ ငါဘာဖြစ်ခဲ့လဲဆိုတာကိုစဉ်းစားမရသေးဘူး
ငါက ရေတွေစိုပြီး မေ့လဲနေတာတဲ့လား ....
ဘာလို့လဲ .....
လက်ထဲကဆွဲကြိုးကိုပဲအကြာကြီး ကြည့်နေမိတယ်
ခံစားချက်က ဘာလို့မကောင်းတာလဲ .....
ဒီဆွဲကြိုးကိုမြင်တိုင်း .... နာကျင်သလိုပဲ
မဖြစ်ဘူး .... မှတ်ညဏ်အနည်းငယ်လောက်တော့ပြန်
ရှာရမယ် .....
အပေါ်ပိုင်း အဝတ်အစားတွေကို ချွတ်ပြီးလသာဆောင်က ကိုယ်ပိုင်ရေကူးကန်ထဲ ဆင်းသွားလိုက်တယ်
ဖြည်းဖြည်းချင်း ရေထဲကိုတစ်ကိုယ်လံုးမြှုပ်တဲ့ထိ
ဆင်းသွားလိုက်တယ် ..... 
မျက်လံုးတွေကိုစံုမှိတ်ပြီး ..... တစ်ခုခုကိုမြင်
အောင်ကြည့်ဖို့ ဆံုးဖြတ်လိုက်ပေမယ့် ......
အား ..... ရေမွန်းလို့ ပြန်ပြန်ထလာနေရတယ်

" စိတ်ပျက်ဖို့ကောင်းလိုက်တာ .... ငါဘာတွေလုပ်
နေမိတာလဲ "

ရေထဲက ပြန်တက်ဖို့ ပြင်လိုက်ချိန်မှာ .....
" သတိထားဦး ..... Chimon !!!!! "

ဘာအသံလဲ ..... Perth ရဲ့အသံကိုဘာလို့နားထဲကြား
နေမိတာလဲ ...
မဟုတ်သေးဘူး ..... တစ်ခုခုတော့လွဲနေပြီ
ငါကဘာလို့ သူ့အကြောင်းကို အဲ့လောက်စဉ်းစားမိ
နေတာလဲ .....
ပြန်မတွေးချင်တော့ဘူးလို့ စဉ်းစားမိတဲ့ ဦးနှောက်ကို
တစ်ခုခုများရှာတွေ့နိုင်မလားဆိုတဲ့ နှလံုးသားက
အနိုင်ယူသွားတယ်ထင်ပါရဲ့ ......
အချိန်တော်တော်ကြာ ရေအောက်ထဲ နှစ်မြှုပ်နေခဲ့
တယ် .....

ရေထဲက ကျွန်တော့်ကိုသတိမမေ့သွားအောင်လှုပ်နိုး
နေတဲ့သူ .....
မြင်လိုက်ရတယ် ..... ကျွန်တော်ချစ်တဲ့ ..... သူ
အဲ့အချိန်က .... သူထွက်မသွားနိုင်အောင်ဖမ်းဆုပ်
ထားချင်ခဲ့တယ်ထင်တယ် .....
ရုန်းကန်ကြရင်း သူ့လည်ပင်းက ဆွဲကြိုးကိုဖြုတ်ခဲ့
မိတာပဲ ....

Light Onde histórias criam vida. Descubra agora