Miles Parker ဆိုတာ Parker အထက်တန်းစားမိသားစုကြီးကနေမွေးဖွားလာတဲ့ Dominant Omega ဖြစ်တယ်
Miles မွေးလာတဲ့ အချိန် သခင်ကြီး Parker က Omega မလိုချင်တဲ့အတွက် မိဘမဲ့ကျောင်းက Dominant Alpaha Orphan ကလေးဖြစ်တဲ့ Jett ကိုမွေးစားခဲ့တယ်
ဒါ့ကြောင့် Jett ဟာ Jett Parker ဖြစ်လာခဲ့တယ်
Jett က Miles အပေါ်ကို အတော်လေး စိတ်ရှည်သည်းခံပေးတဲ့အပြင် အကို အရင်းတစ်ယောက်လိုစောင့်ရှောက်ပေးတာကြောင့် Parker ဇနီးမောင်နှံကလည်း Jett ကို သဘောကျကြတယ်
>>>
"Jett အောက်ထပ်မှာ milk ရေခဲမုန့်သွားယူပေး"
အမွှေးပွကော်ဇောလေးပေါ်မှာ မှောက်ရင်း ၈ နှစ်အရွယ်လေးနဲ့မှမလိုက် အေးတိအေးစက်ပြောလိုက်တဲ့ Miles ရဲ့ အမိန့်ကို Jett တစ်ယောက်နာခံရင်း အောက်ထပ်ကိုဆင်းလာခဲ့တယ်
Parker မိသားစု၀င်ဖြစ်ပေမယ့် Miles အတွက်ကတော့ သူက ကျွန်သာသာပဲ
Jett အထိန်းတော်ကြီးကို ခွင့်တောင်းပြီး ရေခဲသေတ္တာထဲက ရေခဲမုန့်ကို ယူပြီး Miles ဆီသွားပေးလိုက်တယ်
ရေခဲမုန့်ကို ကြည့်ပြီး Miles က မှောက်လျက်သားကနေ မတ်တပ်ရပ်နေတဲ့သူ့ကို မျက်လုံးလှန်ကြည့်သည်
"milk မဟုတ်ဘူး ချောကလပ်လို့ပြောတာ မှားလို့သွားပြန်ယူလိုက်ပါလား"
Miles သပ်သပ်အကျင့်ယုတ်တယ်ဆိုတာသိပေမယ့် Jett စကားတစ်ခွန်းမှမဆို ပြုံးကာ ပြန်ထွက်သွားလေသည်
Miles အတွက်တော့ အရမ်းခံပျင်းမိသည် ရန်စတာကိုတောင် သည်းခံတတ်တဲ့ Jett ကိုမကျေနပ်
>>>
ငယ်ငယ်လေးကတည်းက Jett ကိုမကြည်တဲ့ Miles က Jett ကို ၁၅ နှစ်ရောက်တဲ့အထိ အနိုင်ကျင့်ကောင်းဆဲ
စီနီယာဖြစ်တဲ့ Jett ကို မုန့်စားချိန်မှာ သူ့အတွက် ကျောင်းပြင်က မုန့်ကို သွား၀ယ်စေတယ်
Delivery မှာလို့ရပေမယ့် သပ်သပ်မဲ့ခိုင်းနေတတ်တာ Miles ပြင်နှစ်ယောက်မရှိ
Jett ကျောင်းပြင်ကိုအတော်လေးလမ်းလျှောက်လိုက်ရပြီး Miles ၀ယ်ခိုင်းတဲ့ အအေးဘူးလေးကိုကိုင်ကာ ပြန်လာခဲ့တယ်