" ဘာတွေပြောနေတာလဲ "

ဒီလူက ဘယ်လိုလူလဲ ။ ဘာအကြောင်းအရာမှ ရေရေလည်လည် မသိတဲ့ မိမိတောင် စိတ်အချဉ်ပေါက်လာမိသလို ဖြစ်ရသည်။
ကောင်မလေးမှာလည်း ပြာပြာသလဲ မျက်စိမျက်နှာတွေလည်း ပျက်ယွင်း ။ Perth ကိုကြည့်ရတာလည်း ဒေါသတွေထွက်နေတာ မျက်နှာရဲ့ ဘေးစောင်းတွေ ဂုတ်တွေ နီရဲတတ်လာလို့ ....

" ဟို ...ဒီဘက်က ညီလေး အထင်မှားနေပုံပဲ P'တို့က ဒီတိုင်း...."

" အစ်ကို လာ သွားကြမယ် "
ကိုယ်က မဟုတ်ဘူးလို ပြောပြီး ဖြေရှင်းပေးလိုက်တာက ကောင်းမယ်ထင်လို့ စကားစပေမဲ့ Perth က လက်‌ဖျားလေးတွေကနေ လက်တစ်ခုလုံးကို အုပ်မိုး ဆုပ်ကိုင်ပြီး သူတို့ကိုလည်း ခွန်းတုံ့မပြန်တော့ဘဲ ထွက်ချလာလေသည်။ တစ်‌ကယ့် သူ့ကောင်လေးတစ်ယောက်လိုမျိုး ထင်သာ မြင်သာအောင် ပြုမူလိုက်သလိုပဲ ။

ကားပေါ်ကို နှစ်ယောက်လုံး တက်ပြီးချိန်မှာတော့ Perthက ကားမထွက်သေးဘဲ သူ့အတွေးနဲ့သူ အာရုံပျံလွှင့်နေသည်။

" Perth "

" Perth ... "

" Perth "

" ဗျာ "

" အဆင်ပြေရဲ့လားး "

" ပြေပါတယ် ... "

သက်ပြင်းတစ်ချက်နဲ့အတူ ... ဖြေတဲ့အဖြေမှာ ... အဆင်မပြေတာတွေ ဒေါသတွေနဲ့ လျှို့ဝှက်တာတွေပါနေသည် ။

" အစ်ကို .... ဒီနေ့တော့ အိမ်ပဲ ပြန်လိုက်ကြတော့မယ် ... "

" အင်း အဲ့လိုပဲ လုပ်ကြမယ်လေ "

ကားမောင်းနေတဲ့အရှိန်အသံကလွဲ တိတ်ဆိတ်လို့ ၊ ကိုယ်တိုင်လည်းကားအပြင်ကိုသာ ငေးကြည့်ရင် လိုက်ပါလာခဲ့တော့သည် ။ တိုက်ခန်းအောက်ထိ မောင်းပို့ပေးပြီး ' သူနောက်နေ့မှ ပီဇာကျွေးမယ် အကြွေးမှတ်ထားလိုက် ' လို့ ပြောကာ အရှိန်ခပ်ပြင်းပြင်းမောင်း ထွက်သွားလေတော့သည်။

*****

*ဆိုင်ကယ် ခပ်ပြင်းပြင်း ပြိုင်မောင်းနေသံများ*

AJ : ဒီကောင် ဘာဖြစ်လာတာများလဲ "

JJ : မပြောတတ်ဖူးလေ မင်းရော ငါရော .. ဆိုင်ကယ်မောင်းဖို့ ခုချက်ချင်း လာခဲ့ပါ ခေါ်လို့ ထွက်လာကြတာမလား ... Win .. မင်းရော သိလား "

5.Blind Date (Ongoing)Where stories live. Discover now