သခွပ်ရိုးအနေနဲ့ စိတ်ပူရင်မောနေရှာတဲ့ ဖင်ပူရင်ပူ စိုးထိတ်
စိုးရွံနေပါသော လီယွန်ကို ကိုယ်ချင်းစာမိပါ၏။ မောင်က
တော့ သူ့ကိုအထိမခံလေတဲ့ စရိုက်လေးကိုပြသတာမို့ ရိုး
သဘောကျစွာဖြစ်ရလေပြီးမှ နှုတ်ခမ်းတွေကွေးညွှတ်သွား
မတတ် ပြုံးရပါတော့၏။

"ဘာတွေ ရီနေတာလဲ"

ဟောကြည့်...မောင်ကတော့ သူ့ကို တစ်စက်က​လေးမှ မျက်
နှာအမူအရာအပြောင်းအလဲမခံ...အမူအရာလေးပျက်ယွင်း
သွားတာနှင့်တင် စိတ်ပူတတ်သလို ဆူငေါက်တတ်သလို
လေးနဲ့ သိပ်ဂရုစိုက်ရှာ၏။

တကယ်ပါ မောင်ကလေ ရိုးထက်အသက်ကြီးတဲ့ကောင်လေး
ဖြစ်သင့်တာ...သို့သော်ငြား မောင့်ဆီမှာ ဆိုးသွမ်းတဲ့ဗီဇလေး
တွေကထင်ပေါ်နေသော်ငြား ရိုးအတွက် ရင့်ကျပ်မူတွေနဲ့
အထိမခံပဲဂရုစိုက်ယုယတတ်တဲ့ အကြင်နာတွေကခိုလှုံကိန်း
အောင်းနေသည်လေ။

မောင်ကို ရိုးအရမ်းချစ်သလို မောင်ကလည်း ထပ်တူထပ်မျှ
ချစ်လိမ့်မည်ဟု ယုံကြည်မည်သာ။
....................

"ဖိုးကံကောင်း...ဒီည စောစောအိပ်နော်...လငပုပ်ဖမ်းတာ
ကြည့်ချင်တယ်ဘာညာတွေမကြားချင်ဘူး"

"ဘာ...ဘာလို့လဲအမေရ"

"စကားကိုရှည်ပါလားအေ..မအေကဒါဆိုရင် ဒါလေးလုပ်
လိုက်တော့မကောင်းဘူးလား...ဒီည သူခိုးကြီးညပေမဲ့
မနက်က ရွာကသူကြီးက ရွာနားနီးစပ်တွေမှာ လူစိမ်းသူခိုး
တွေကပ်တာကြားနေရတယ်ဆိုလို့ စိတ်ပူလို့ပေါ့အေ"

"ကပ်ပဲကပ်တာလေ...ခိုးမှမခိုးတာပဲဥစ္စာ"

"ပြောလို့ရမလား...သူခိုးကြီးညယောင်ယောင်ဘာယောင်
ယောင်နဲ့ ရှိတာလေးတွေခိုးသွားရင်ဘယ်နှယ်လုပ်စ၊ နင့်အ
ကိုကြီးဗလရှိပေမဲ့ အလတ်ကောင်ဖိုးရှုပ်ကဘာမှအားမကိုးရ
ဘူး...တကယ့်တကယ်ဖြစ်ကြည့်...ဖင်လှန်ပြီးပြေးမဲ့အကောင်"

"........."

နှုတ်ခမ်းလေးဆူလျက် အင့်ခနဲ့ ကိုယ်လေးသိမ့်သွားမိတဲ့အထိ
ဆူကောက်သလို ပုံစံလေးဖြင့် ပြတင်းဝကနေ အိမ်အပြင်
ဘက်ကိုလှမ်းမျှော်လိုက်ပါ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Όπου ζουν οι ιστορίες. Ανακάλυψε τώρα