''aww မင်းရောက်လာသေးတာပဲ ''

လူကိုကြည့်တော့ လူကြီးလိုလိုလူကောင်း
လိုလိုနဲ့ ရှင်းကိုလာပြီးရွဲ့နေသေးသည် ။

''ဟုတ် ရောက်လာသေးပါတယ်ခင်ဗျာ ''

အထက်လူကြီးကို လေးစားရကောင်းမှန်း
မသိသည့်ကောင်လေးပဲ ။ လူကိုကြည့်တော့
လက်နှင့် တောက်လိုက်ရင်ပဲ လွင့်ထွက်မည့်
ဆိုဒ်နှင့် ရွဲ့ကရွဲ့နေလေသေးသည် ။

''ငါက မင်းရဲ့ client ဆိုတာသိသလား ''

''ဟုတ်ကဲ့ သိပါတယ်ခင်ဗျ Client ကြီး''

Clientကြီးဆိုသည့်နေရာ၌ နူတ်ခမ်းလေးပါ
မဲ့သွားလေသေးသည် ။

'' မင်းတို့ CEO က ကိုယ်ဘယ်သူလဲဆိုတာ
ပြောလိုက်သလား ''

''ဟုတ် ပြောလိုက်ပါတယ် ''

အမယ် တယ်ဟုတ်ပါလား...?

''ဒါဆို ကိုယ်က ဘယ်သူလဲ ''

WTF! ဒီလူဘာလဲဟ သူ့ကိုယ့်သူ ကိုမသိဘူး
လား ။ ရှင်းလဲ မမှတ်မိတော့ပါ ။ ဦးနှောက်က
ရွှေငါးဦးနှောက်နဲ့ကို ။

''ဟို... ခင်ဗျားဘာသာမသိဘူးလား ''

''ဟ! ကိုယ့်ဘာသာတော့မသိပဲနေမလား မင်း
ရဲ့အလုပ်အပေါ် အာရုံစိုက်မူဘယ်လောက်ရှိ
သလဲ ၊ မင်းတို့အေဂျင်စီကလဲ အခုရိုက်မဲ့
ကြော်ငှာအကြောင်းကိုနည်းနည်းတော့ရှင်းပြ
လိုက်တယ်မဟုတ်လား အဲ့ဒါလေးတွေကိုယ်
ပြန်သိချင်တယ် မင်းရဲ ability ဘယ်လောက်
ရှိသလဲ သိချင်တယ် ''

မမှတ်မိဘူးဆိုတာသိနေလို့ အကြပ်ရိုက်ပြိီး
မေးနေသည့် လူယုတ်မာနဲ့ပဲတူနေသည် ။
ဘယ် client က သူတို့ငှားတဲ့မော်ဒယ်ကိုစာ
မေးပွဲစစ်သလိုမေးလို့လဲ ၊ အေဂျင်စီဘက်က
ဒီBrand အကြောင်းနည်းနည်းတော့ပြောပြ
လိုက်ပေမဲ့ နောက်တစ်ခါပြန်နားထောင်ရအုံး
မည်ဆိုပြီး သေချာနားမထောင်လိုက်မိ ။

"ဒါဆို ဒီဘက်က clientကြီးက ability ကို
မှတ်မိနိုင်စွမ်းနဲ့ ဆုံးဖြတ်တာလား လုပ်နိုင်စွမ်း
နဲ့ဆုံးဖြတ်မှာလား ''

'' အဲ့လိုဆိုရင်ရော...? ''

တကယ်ဆို သေချာနားမထောင်ခဲ့သည့်လူက
အပစ်မဟုတ်ဘူးလား ။ အခုတော့ဒီကောင်
လေးကသူမှန်နေသည့်ဆိုဒ်နှင့် ။ တော်သေး
သည် ကိုယ်ကအလုပ်အပ်တဲ့သူမို့ ။ မဟုတ်
ရင် ရိုက်ထုတ်မလားမသိ ။ Secretaryအမ
ကတော့ ကြိုပြီး information ပေးပါသည်
ဒီကောင်လေးရဲ့ နာမည်ဆိုးတွေအကြောင်း
သို့ပေမဲ့ လေ့လာကြည့်ရသလောက် သူတို့
အေဂျင်စီမှာက လူငယ်ကြားရေပန်းစားတာ
ဆို ဒီယံရှင်းဆိုသည့်နာမည်မှလွဲ၍မကြားမိ ။

BLANK-ကွက်လပ်Where stories live. Discover now