'' ရှင်းလေးရယ် နောက်ကျနေပြီ client
က ရောက်နေပြီ ဘယ်မလဲမင်းတို့မော်ဒယ်က
ဆိုပြီး ရောက်ရောက်ချင်းကောတာတော် ''

မမသက်၏​ခြေဟန်လက်ဟန်နှင့်အပြောများ
ကြောင့် ရှင်းတံတွေးမျိုချမိသွားရသည် ။
ရှင်းတို့ရဲ့ ပွဲလက်ခံခြင်းများနှင့်ကြော်ငှာများ
ကိုစာချုပ်ချုပ်ထားသည့်ကုမ္ပဏီကလက်ခံ
​ပေးတာမို့ နည်းနည်းလွဲလျှင် အိုကြီးက သြဇာ
သီးကြွေးပါသည် ။ အိုကြိိးဆိုတာ CEOဖြစ်
ပြီး သြဇာသီးကတော့ ပွားတာကိုပြောတာ ။
အဲ့ဒါထက်လောလောဆယ် client ကိစ္စ
ကိုဘယ်လိုလုပ်ရပါ့မလဲ ။

''ရှင်းလေးရောက်လာရင်ရုံးခန်းလွတ်လိုက်
တဲ့ ''

သိပ်မကြာခင်ထပ်ထွက်လာသည့်စကား
ကြောင့် ရှင်းသက်ပြင်းပင်ဖြောင့်အောင်မချ
နိုင်တော့ပါ ။ ဒီအလုပ်လုပ်မှထမင်းစားရမည်
မဟုတ်ပေမဲ့ ကိုယ်ဝါသနာပါသည့်လုပ်ငန်းမို့
မထိခိုက်စေချင်ပါ ။ မမသက်ညွန်ပြသည့်ရုံး
ခန်းဘက်ကို ခြေတစ်လှမ်းကုဋေတစ်သန်းဖြင့်
လှမ်းလိုက်ပေမ့ဲ၃မိနစ်မကြာခင်တံကားနား
ရောက်သွားလေတော့သည် ။

ဒေါက်....ဒေါက်....

ရှင်းတံကားခေါက်လိုက်တော့

''ဝင်လာ ''

ဟူသောခပ်ပြတ်ပြတ်အသံကိုကြားရသည် ။
ချွေးစေးပြန်နေသောလက်နှစ်ဖက်ကို မီးမပွင့်
ရုံပွတ်တိုက်လိုက်ရင်း တံကားလက်ကိုင်ကို
လှည့်ဖွင့်လိုက်ကာ တိုက်ပွဲဝင်မည့်စစ်သူကြီး
လို ခေါင်းကိုမော့ထားလိုက်တော့သည် ။

''ကျွန်တော်ရောက်ပါပြီခင်ဗျ''

ဆိုဖာခုံတွင်ခြေချိတ်ထိုင်နေသောထိုလူအရှေ့
ဝင်ထိုင်းရင်းပြောလိုက်ခြင်းပင် ။

''ကျွန်တော်ဆိုတာက ဘယ်သူလဲ''

Shooting တစ်ခုလုံးမှာမရောက်သေးတာဆို
လို့ ရှင်းပဲရှိတော့သည်ကို ဒီလူကမသိချင်
ယောင်ဆောင်နေသည်ပဲ ။

'' ဒီနေ့ဖက်ရှင်ပွဲရဲ့မော်ဒယ် ဒီယံရှင်းပါခင်ဗျ''

ဟက်!

ရှင်းရဲ့ ခပ်ရွဲ့ရွဲ့အ​ဖြေကိုသူကလဲ ခနဲ့သလို
ရီလေသည် ။

BLANK-ကွက်လပ်Where stories live. Discover now