ရှင်းဖုန်းကပြောလဲပြောကာရှောင်းကျန့်ရဲ့လည်ပင်းကိုညစ်ပစ်လိုက်သည်။ရှောင်းကျန့်ရုတ်တရက်ဖြစ်သွားတဲ့အခြေနေကိုနားမလည်နိုင်ဖြစ်နေသလို ဒီလူသတ်သမားကသူ့ကိုသတ်ဖို့လုပ်နေတာလား။အဆိုးဆုံးကတော့ သူပြန်မခုခံနိုင်တာပဲ။

ရှောင်းကျန့်အသက်နိုင်ဆုံးရုန်းနေပင်မဲ့ ရှင်းဖုန်းလိုအရူးကောင်ရဲ့လက်ကနေမလွှတ်နိုင်ပါ။သူရဲ့အားကကလေးသာသာရှိတာမို့ ရှင်းဖုန်းလို လူကြီးတစ်ယောက်အားကိုမခုခံနိုင်ဘူး။တစ်ဆစ်ဆစ်နဲဲ့နာလာတဲ့လည်ပင်းနဲ့အတူ အသက်ရှူရတာလဲတဖြည်းဖြည်းခက်လာသည်။

သတိ ကလဲရှိတစ်ချက်မရှိချက်လွှတ်ချင်သလိုဖြစ်နေသည်။အခုချိန်မှာဝမ်ရိပေါ်ကိုအရမ်းသတိရတာပဲ ဝမ်ရိပေါ်တာရှိရင် သူ့ကိုလည်ပင်းညစ်ဖို့မပြောနဲ့လက်ဖျားနဲ့တောင်အထိခံရမှာမဟုတ်ဘူး။မြန်မြန်လာပါရိပေါ်
မဟုတ်ရင်ငါတို့နှစ်ယောက်တကယ်ခွဲရတော့မယ်။

"ဒုန်း"

ဒုန်းဆိုတဲ့အသံနဲ့အတူ ရှင်းဖုန်း အဝေးကိုလွှင့်ထွက်သွားသည်။ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကလဲ ပြိုလဲ သွားခဲ့ရသည်။သို့သော်ခပ်မာမာကြမ်းပြင်ထက် ခပ်နွေးနွေးရင်ခွင်လေးကြောင့် ပြုံးလိုက်မိသေးသည်။စိတ်ချရပြီးရင်းနှီးတဲ့ရင်ခွင်ထဲမှာပဲရှောင်းကျန့်ဟာအိပ်စက်လိုက်ပါတော့သည်။

ဝမ်ရိပေါ်တို့စည်းပျက်သွားတာနဲ့ ချက်ချင်းတိုက်ထဲကိုဝင်လိုက်ပင်မဲ့အထပ်ပေါင်းများစွာသောအထပ်နဲ့အခန်းပေါင်းများစွာကြောင့် ဘယ်နရာကိုသွားရမှန်းမသိဖြစ်နေခဲ့ရသည်။သို့သော် သူ့ရဲ့ကောင်းလွန်းတဲ့နားကြောင့် တိုက်ရဲ့ထိပ်ဆုံး အထပ်ကအသံကိုကြားနိုင်ခဲ့သည်။ထို့နောက်ချက်ချင်းအပေါ်ထပ်ကိုပြေးတက်လိုက်သည်။

သူတို့အပေါ်ဆုံးအထပ်ကိုရောက်တော့ ရယ်သံကိုကြားလိုက်ရတာကြောင့်သွားကြည့်ချိန်မြင်လိုက်ရတဲ့မြင်ကွင်းရောက်ဒေါသအလွန်ထွက်သွားရသည်။ရှင်းဖုန်းကသူ့ရဲ့ညစ်ပတ်တဲ့လက်တွေနဲ့ကလေးရဲ့လည်ပင်းတွေကိုညစ်ထားတယ်။ထွက်လာတဲ့ဒေါသနဲ့အတူ မီးစွမ်းအားကိုထုတ်ကာ ရှင်းဖုန်းရဲ့လက်ကိုပစ်လွှတ်ပစ်လိုက်သည်။လွှင့်ထွက်သွားတဲ့ ရှင်းဖုန်းနဲ့အတူ ပြိုကျလာတဲ့ကလေးကိုသူရင်ခွင်ထဲထည့်ဖက်လိုက်သည်။မေ့သွားတဲ့ကလေးကိုလေးကို ဒူးအောက်ကနေကောက်ပွေ့လိုက်ပြီး

 My  Warlock (Completed)Where stories live. Discover now