If we never met : Fourteen

Start from the beginning
                                    

"မွေးရာပါမကောင်းတာများလား"

မွေးရာပါမဟုတ်မှန်းသိသည့်သူအတွက်လည်း သုံးနှစ်အတွင်းယုံးငယ်ဘာတွေများဖြစ်ပြီး ဘာတွေရင်ဆိုင်ခဲ့ရလည်း သိချင်သည်ကတော့အမှန်ပင်။

TY Groupရဲ့တစ်ဦးတည်းသောဆက်ခံသူက ဘယ်လိုလုပ်ပြီးများ TYနဲ့ယှဥ်လျှင် သေးငယ်လှတဲ့ဒီလိုကုမ္ပဏီအသေးလေးမှာ လာဦးစီးနေရတာဖြစ်လောက်မလဲ။

ယုံးငယ်နဲ့နီးနီးကပ်ကပ်နေခဲ့ရသည့်သူ့အတွက်တော့ TYရဲ့ဆက်ခံသူဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ရတဲ့ဖိအားတွေလိုမျိုး အခုမြင်နေရတဲ့ယုံးငယ်ဆီမှာ မတွေ့ရတော့တာသေချာသည်။

အရင်ကထက် ပေါ့ပါးလာတဲ့ယုံးငယ်မျက်ဝန်းတွေက ယုံးငယ်ပျော်နေရတယ်ဆိုတဲ့သက်သေပင် ဖြစ်လိမ့်မည်။

သူလက်လွတ်ပေးခဲ့ရတဲ့အကျိုးက ဒီလိုမျိုးပေါ့ပါးလွတ်လပ်နေတဲ့ ယုံးငယ်ဖြစ်လာဖို့အတွက်သာဆိုရင် သူရင်ကွဲရလည်း ဘာအရေးများဖြစ်လိမ့်မလဲ။

ဝမ်းသာတာတော့မှန်ပေမဲ့လည်း နာကျင်ရတာလည်းအလိမ်အညာမှမဟုတ်တာ။

"ဂျယ်ဟျွန်း! မဟုတ်မှ!"

သူ့အတွေးတွေကိုဖြတ်တောက်နိုင်တဲ့ အလန့်တကြားအော်သံမှာ သူ့ခြေလှမ်းတွေတုန့်ခနဲ. . ။

"ဘာဖြစ်တာလဲDiana"

"မဟုတ်မှ. . CEOလေးရဲ့ခြေထောက်တွေက လုပ်ကြံမှုကြောင့်ဖြစ်လောက်မလား. ."

သူ့ရင်ထဲထိတ်ခနဲ. .။

Dianaရဲ့ခန့်မှန်းချက်ကမဖြစ်နိုင်တာတော့မဟုတ်။

ယုံးငယ်ရှိနေခဲ့သည့်နေရာက အန္တရာယ်များတဲ့နေရာတစ်ခုဆိုတာ သူမျက်မြင်တွေ့ခဲ့ရတာမလား။

တကယ်ပဲ အဲ့လိုဖြစ်ခဲ့တာဆိုရင် ယုံးငယ်က ဘယ်လိုအခြေအနေဆိုးမျိုးတွေအထိ တွေ့ကြုံခဲ့ရတာဖြစ်နိုင်လဲ။

ဘယ်လောက်ထိဆိုးရွားတာတွေဖြစ်ခဲ့ရလို့ အခုလိုပြောင်းလဲသွားသောယုံးငယ်က ဖြစ်တည်လာရသလဲ။

ဒါတွေဟာ သူသိခွင့်မရခဲ့၊ သိပိုင်ခွင့်မရှိတဲ့၊ သူနဲ့မပတ်သတ်တဲ့အရာတွေဖြစ်နေမှန်း သတိတရဖြစ်ရချိန် ထိုအတွေးတွေကို ခေါင်းခါလို့ထုတ်ပယ်ပစ်ရသည်။

You've reached the end of published parts.

⏰ Last updated: Jan 30 ⏰

Add this story to your Library to get notified about new parts!

If we never metWhere stories live. Discover now