𝐓𝐰𝐨

572 64 10
                                        

𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐯𝐞𝐫𝐝𝐢𝐨𝐧

" မေမေ ကျွန်တော်သွားပြီနော် "

ဧည့်ခန်းထဲက မေမေ့ကို လှမ်းပြောခဲ့ပြီး အိမ်ထဲကနေထွက်လာခဲ့သည်။ ‌ကြွကြွရွရွကလေးလျှောက်လာတဲ့ ခြေလှမ်းတိုင်းက မနေ့ကထက် သစ်လွင်နေတုန်း။ အနည်းငယ်လှမ်းတဲ့ရှန်အိမ်ကိုသွားဖို့ ဘတ်စ်ကားမှတ်တိုင်မှာရပ်စောင့်နေရင်း အကျင့်အတိုင်း လက်ကနာရီကိုငုံ့ကြည့်လိုက်သည်။ လမ်းလျှောက်သွားလို့လည်းရပေမယ့် ဂျီအွန်းက အပင်ပန်းမခံချင်။

သိပ်မကြာလိုက်ဘဲ မှတ်တိုင်ကိုရောက်လာတဲ့ကားကြောင့် စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလို့ ကားပေါ်ကိုတက်ခဲ့လိုက်သည်။ ထိုင်ခုံမှာဝင်ထိုင်ပြီး မှန်ကိုတွန်းဖွင့်လိုက်တော့ တိုက်ခတ်နေတဲ့‌လေတွေက ဂျီအွန်းမျက်နှာဆီလာရိုက်ခတ်သည်။ ဘတ်စ်ကားစီးတိုင်း မှန်ကိုဖွင့်ပြီး အပြင်ဘက်ကိုငေးရတာက ဂျီအွန်းနှစ်သက်တဲ့အရာထဲကတစ်ခုပဲ။ ထွေထွေထူးထူးအကြောင်းအရာရယ်လို့မရှိဘဲ ဒီအတိုင်းပဲ သဘောကျတာ။

ခရီးကတိုတာကြောင့် ခဏလောက်နေတော့ ဆင်းရမယ့်မှတ်တိုင်ရောက်လာတာမို့ ဂျီအွန်းကခပ်မြန်မြန်ပဲ ကားပေါ်ကနေဆင်းလိုက်ကာ နာရီကိုတစ်ချက်ကြည့်ပြီး ခြေလှမ်းခပ်သွက်သွက်ဖြင့် ရှန်အိမ်ဆီကိုဦးတည်လိုက်တော့သည်။

ရှန်အိမ်ကိုရောက်တော့ ထုံးစံအတိုင်း ရှန်မာမားက ဂျီအွန်းကို နွေးနွေးထွေးထွေးဆက်ဆံပေးပြီး ရှိသမျှမုန့်တွေချကျွေးလေသည်။ ဂျီအွန်းရောက်တာ ဆယ့်ငါးမိနှစ်လောက်ရှိနေပြီဆိုပေမယ့် ဟိုအမြွှာနှစ်ယောက်ကိုတော့ အခုထိမတွေ့ရသေးပါလေ။

" အန်တီ..ဟိုလေ .. ချွမ်ရွေ့နဲ့ ရစ်ခီက... "

" သားတို့ပြန်ရောက်ပြီ မား! "

တံခါးဝက အသံကြောင့် ဂျီအွန်းပြောမယ့်စကားတွေက လေထဲမှာတင်ပျောက်သွား‌ခဲ့ရသည်။ ကျောင်းဆင်းချိန်ကကျော်နေပြီကို အခုမှပြန်လာတဲ့ အမြွှာနှစ်ယောက်ကြောင့် ရှန်မာမားက မျက်နှာတပူပူနဲ့ပဲ သားနှစ်ယောက်ကို မျက်နှာရှုံ့မဲ့ပြလိုက်သည်။

" ဘာလို့နောက်ကျနေတာလဲ၊ စာသင်ပေးရမယ့်သူက ပြန်စောင့်နေရတယ် "

𝑰𝒏𝒆𝒒𝒖𝒂𝒍𝒊𝒕𝒚 「 𝑹𝒊𝒘𝒐𝒐𝒏𝒈 」Tempat cerita menjadi hidup. Temukan sekarang