"ကယ် ဂျောင်ဂု မောင်လေးက ငါဒီအိမ်မှာ တည်းမှာ အစဥ်ပြေတယ်ဆိုတော့ ငါ စိတ်ကြိုက်နေမယ်နော်....ဒီတစ်ခါ ငါကြာကြာနေမှာ..."

ထိုစကားကို ထယ်ယောင်းကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"အေးပါ.. နင်နေချင်သလောက်နေပါ..."

ဂျောင်ဂုကတော့သဘောရိုးနဲ့ နေချင်သလောက်နေ ပြောလိုက်ပင်မဲ့ ထယ်ယောင်းကတော့ စောယွန်းကိုကြည့်ကာ အသဲတွေယားနေပြီဖြစ်သည်။

!ဟွန်း....မြေခွေးမ နင်ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ သိသားပဲ ငါ့လင်ကို စနိုက်ကြော်ခြင်နေတာ မသိတာမှတ်လို့...နင်ကပဲ စနိုက်ကြော်နိုင်မလား ငါကပဲ နင့်ကို ပညာပြနိုင်မလား ကြည့်ကြသေးတာပေါ့...!

ထယ်ယောင်းစိတ်ထဲက ကြိမ်းဝါးလိုက်သည်။

"စောယွန်း နင်သွားနားတော့လေ ပင်ပန်းနေ ပြီမှတ်လား ငါနင်နေဖို့ အခန်း ကောင်မလေးတွေကို လိုက်ပြခိုင်းပေးမယ်..."

"ခဏလေး ဂျောင်ဂု ငါကအခန်းကျဥ်းရင် မနေတက်ဘူးနော် ငါ့အတွက်အခန်းကို ကျယ်တာလေး စီစဥ်ပေး..."

"ဒါဆိုလည်း အပေါ်ထပ်က အခန်းမှာတည်းလေ အောက်ထပ်ကအခန်းတွေက နည်းနည်းကျဥ်းတယ်.. "

ထယ်ယောင်းမှာ စောယွန်းကို အပေါ်မှာ တည်းခိုင်းမယ်ဆို၍ သိပ်မကြည်ချင်တော့ပါ..

"ကောင်းသားပဲ ဒါဆို ငါအပေါ်ထပ်မှာ တည်းမယ်နော်.."

"အေးပါ....ကောင်မလေးတွေ အထုတ်တွေ အပေါ်ထပ်က အခန်းမှာ နေရာချပေးလိုက်ကြဦး..."

"ဟုတ်ကဲ့ သခင်ကြီး..."

ကောင်မလေးတွေက စောယွန်းအထုတ်တွေကိုကူသယ်ပေးပြီး စောယွန်းနဲ့အတူ အပေါ်ကိုတက်သွားကြသည်။

"ဟဲ့... ကောင်မလေး ဂျောင်ဂုတို့အခန်းက ဘယ်မှာလည်း..."

စောယွန်းမေးတော့ ကောင်မလေးနှစ်ယောက်မှာ စောယွန်း ကို နားမလည်သလိုပုံစံနဲ့ပြန်ကြည့်နေသည်။

"ဟဲ့ ငါမေးနေတယ်လေ ဂျောင်ဂုတို့အခန်းက ဘယ်အခန်းလည်းလို့..."

"ရှင်....ဟုတ် ဒီရှေ့က အခန်းပါ...."

"ဒါဆို ငါ့ကို ဂျောင်ဂုတို့ ဘေးကအခန်းမှာ နေရာချပေး ငါအဲ့အခန်းမှာတည်းမယ်..."

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now