If we never met : Thirteen

Start from the beginning
                                    

ဒေါက်ဖိနပ်သံတသဲ့သဲ့နဲ့အတူ နီးကပ်လာသောခြေသံပိုင်ရှင်ကို သူ့မှာလှည့်ကြည့်ဖို့ရာ ခွန်အားရှိမနေခဲ့။

"ဂျင်အာ. ."

ယုံးငယ်ရဲ့ခေါ်သံမှာ သူမေ့သွားခဲ့သည်များကို အမှတ်ရလိုက်ရသည်။

သူက ကလေးတွေကြားရယ်မောနေခဲ့သော ဝှီးချဲပေါ်ကယုံးငယ်ကိုတွေ့လိုက်ရချိန် သူ့ကမ္ဘာကြီးပြိုလဲသွားခဲ့ရသလိုမျိုး ဖြစ်ခဲ့ရပြီးနောက်မှာ. .

အခြေအနေအားလုံးကို မေ့လျော့သွားခဲ့ရ. .။

ဝှီးချဲပေါ်ထိုင်နေခဲ့သော ယုံးငယ်ရဲ့အားနည်းတဲ့ပုံစံလေးက သူ့ကိုမမေ့သင့်သည်များကို မေ့လျော့သွားစေခဲ့ပြီး ယုံးငယ်ကိုပွေ့ဖက်ကာ ကာကွယ်ပေးချင်စိတ်များဖြစ်ပွားစေခဲ့တာ. . ။

မဖြစ်သင့်သည်များကို ပြုမူမိခဲ့ရပြီး မျှော်လင့်ချက်တွေပေါ်ပေါက်လာခဲ့ရပြန်တာ. . ။

ယုံးငယ်ကအခုချိန်မှာ ဒီလိုမျိုး အရင်ကလိုသန်မာတဲ့ယုံးငယ်မဟုတ်နေရဘဲ ဝှီးချဲပေါ်မှာထိုင်နေရပါစေ ယုံးငယ်ဟာ သူတစ်ပါးရဲ့သက်ဆိုင်သူဖြစ်နေတုန်းပဲမလား. .။

ဂျောင်ဂျယ်ဟျွန်း. .မင်းမှားပြန်ပြီ။

"ထယ်ယုံး. .ဟျောင်းတို့ပြန်ချိန်ရောက်ပြီလေ"

ရင်းနှီးနေပါသောနောက်အသံတစ်သံကြောင့် ငိုက်စိုက်ကျနေသောခေါင်းကိုမတ်လိုက်သည်။

ယုံးငယ်နဲ့တစ်တန်းတည်းဖြစ်ရအောင် ဒူးထောက်ထိုင်နေသောသူ့ရှေ့ကယုံးငယ်ရဲ့နောက်ကျောဘက်မှာ ဝင်ရပ်နေသူကလည်းသူနဲ့စိမ်းမနေပါ။

"ဂျွန်ဝူးဟျောင်း?"

ဝှီးချဲလက်ကိုင်ကိုကိုင်ထားရင်း မတ်တပ်ရပ်နေသောဂျွန်ဝူးကလည်း သူ့ကိုတအံ့တဩကြည့်လို့. . ။

နောက်ပြီးဟျောင်းဘေးက ဂျင်အာဆိုတဲ့မိန်ကလေးကကော သူ့ကိုတွေ့ရတာကို မယုံနိုင်သလို အံ့ဩရိပ်တွေနဲ့ကြည့်လို့။

"ဂျယ်ဟျွန်းကဘယ်လိုလုပ်. ."

"ကျွန်တော်က ဒီဂေယာမှာနေခဲ့တဲ့သူမလို့ ရောက်တုန်းလေး ဝင်လာခဲ့တာ"

If we never metWhere stories live. Discover now