"ငါ ခရီးပန်းနေလို့ မသွားတော့ဘူး ဟိဏ်းရယ် နော်"

သိပ်ချစ် မုသားသုံးလိုက်သည်။ တကယ်လဲ ခရီးပန်းတာတစ်ကြောင်း ၊ခေါင်းတွေရှုပ်တာတစ်ကြောင်းမို့ ဘယ်မှမသွားချင်။ အထူးသဖြင့် အစ်မဝတ်မှုံရဲ့ စေ့စပ်ပွဲမို့ ပိုလို့တောင်မသွားချင်ပေ။ ကိုယ်မှာတော့ သဘောကျရတဲ့သူကို ပစ်၊ စေ့စပ်ပွဲတွေဖျက်ပြီး သူနဲ့ပြေရာပြေကြောင်း လာပြောမလို့ကို။ ပြောသာပြောတာပါ သိပ်ချစ်အစ်မဝတ်မှုံနဲ့ ခုထိကို စကားသေချာမပြောဖူးသေးပါဘူး။

"သိပ်ချစ်...လိုက်ခဲ့ဟာ ငါစိတ်မဆိုးချင်ဘူး"

မိငယ်..မိငယ် ခုထိကလေးစိတ်ကိုမပျောက်သေးဘူးပဲ။ တစ်ခုခု အလိုမကျရင် စိတ်ဆိုးဖို့ပဲသိသည့် ဒီကောင်မလေးဂာ သိပ်ချစ်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။

"ငါတကယ်မရ!"

"ဟုတ်ပြီ အဲ့လိုဆို ငါလဲမလိုက်တော့ဘူး"

"ဟဲ့ မိငယ် နင်မလိုက်ရင်၊ ငါဘယ်သူနဲ့ ပြန်လာရမလဲ မိုးဟိဏ်းတို့က နေခဲ့မှာလေ"

ကြားထဲက လွယ်လင်ပါ စိတ်ညစ်ရသည်။ မိငယ်အကြောင်းကို သိသည်၊သူက ဒါဆိုဒါပဲ ဖြစ်ရမည်။ သိပ်ချစ်လဲ ထိုအတိုင်းပင်။ ကြားထဲက ကောင်လေးနှစ်ယောက်မှာ ခေါင်းကုတ်နေလေပြီ။

"ကဲ..မိငယ် ကောက်မနေနဲ့ ငါလိုက်ခဲ့မယ် ရပြီလား"

"ဟီးး တကယ်နော်"

"ကောင်မစုတ် ခုနက မျက်နှာနဲ့တစ်ခြားစီ"

သူမလိုက်မည်ဆိုတော့မှ မျက်နှာ‌စပ်ဖြီးဖြီးလုပ်နေသော သူငယ်ချင်းဖြစ်သူ မိငယ်ကို သိပ်ချစ်ပြန်ပြောလိုက်သည်။

.......................................

သိပ်ချစ် တို့ရောက်တာ ခဏကြာတော့ ဧည့်ခန်းထဲကိုအစ်မဝတ်မှုံ ဝင်လာသည်။ ရောက်လာသူများကို ဧည့်ခံ စကားပြောနေရလို့ သိပ်ချစ်တို့ဆီကို အကြည့်မရောက်သေး။ သိပ်ချစ်ခုမှ သေချာကြည့်မိသည်။ အစ်မဝတ်မှုံက သိပ်ကို အိန္ဒြေနဲ့ ပြည့်စုံသည့် အမျိုးသမီးတစ်ဦးဖြစ်ပေ၏။ ဆံနွယ်ရှည်တို့ကို ဘေးတစ်ဖက်တွင် လျှိုထားပုံမှာ အရင်ခေတ်က မင်းသမီးတွေနှင့်တောင် တူသွားသည်။ ခဏ အကြာတော့ အစ်မဝတ်မှုံဟာ သိပ်ချစ်တို့ ဆီသို့ ဦးတည်လာနေဟန်ရသည်မို့ သိပ်ချစ်အကြည့်တွေကိုလွှဲ ကာသူငယ်ချင်းတွေနှင့်စကားပြောနေလိုက်သည်။

"အချစ်တဲ့လား"Where stories live. Discover now