Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Part 1

32 5 2
                                        

***Unicode

"Happy Birthday ပါသားလေး ...မွေးနေ့မှစပြီး..."
ဒေါ်နန်းထိုက်ဝတီပြောလိုပင်မဆုံးသေး...

"တော်ပြီအမေ...ဆုတောင်းတိုင်းသာပြည့်မယ်ဆို...ညီလေးအသက်ပြန်ရှင်လာပါစေဆိုတဲ့ ဆုဘဲတောင်းတော့မယ်...အမေလည်းအဲ့ဆုကိုဘဲပေးပါ..."

ဒေါ်နန်းထိုက်ဝတီခဗျာပြောစရာစကားပင်မရှိတော့...သူ့မသားဟာ...သိပ်ကိုအငြိုးကြီးပြီး အစွဲအလန်းကြီးတာဘဲ...
"သားရယ်...အမေက..."

"မပြောနဲ့တော့အမေ...ဆက်ပြီးတော့...တကယ်ဖြစ်မလာတာတွေကို လာပြီးတော့ ပြောမနေနဲ့တော့"

တန်ခိုးရှိန်ထိုက်ပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်စတွေကိုလက်ဖြင်ံဆွဲသုတ်လိုက်ပြီးအပေါ်ထပ်ကိုတက်လာခဲ့တယ်...

ထိုအဖြစ်ပျက်ကိုအဝေးကနေလှမ်းကြည့်နေတဲ့ ဦးဘုန်းမင်းရှိန်မှာတော့...ဇနီးဆီသို့အပြေးသွားပြီး...
"နန်းရယ်...မင်းသားအကြောင်းလည်းသိရဲ့သားနဲ့...လွှတ်ထားလိုက်ပါ..."

"ဘယ်လိုလုပ်လွှတ်ထားရမလဲအကိုရယ်...ကြာရင်...သားလေးစိတ်အခြေအနေကစိုးရိမ်ရတယ်...သူ့မှအဲ့အဖြစ်ပျက်ကိုမှတ်ထားတာ...ခုထိတဲ့..."
ဟုတ်ပါသည်...သူမ သားဖြစ်သူကိုစိုးရိမ်ပါသည်...အခုမှအသက်၁၀နှစ်အရွယ်ပေမဲ့...မြင်တဲ့အတိုင်ူးလူကြီးတစ်ယောက်လိုဖြစ်နေတာ...သူမအမှားကြောင့်ပါ....

လွန်ခဲ့သော ၂နှစ်က

"ငယ်လေးရေ...ငယ်လေး...အဝတ်လဲမယ်လာတော့...ကိုကိုကြီးမွေးနေ့မှာမုန့်သွားစားပါမယ်ဆို..."
ဒေါ်နန်းထိုက်ဝတီမှာသားကြီး ကိုဝတ်လဲပေးနေရင်းအော်ခေါ်လိုက်သည်...
"စည်းစိမ်ရှိန်ထိုက်...မြန်မြန်လာနော်...အိမ်မှာတစ်ယောက်ထဲနေခဲ့ချင်တာလား..."
ထိုမှသာ
"လာပါပြီ...မေကြီးရဲ့...ဟွန့်...မေကြီးမခေါ်လည်း...ကိုကိုကြီးကခေါ်မှာပါနော်...နော့်ကိုကိုကြီး"
ငြိမ်နေသောအကြီးကောင်က အငယ်ကောင်အသံကြားသည်တာတနဲ့ ပြုံးရွှင်ပြီး
"ဟုတ်တာပေါ့...ညီညီရဲ့...ကိုကိုကြီးကညီ့ကိုဘယ်သွားသွားခေါ်သွားမှာ...ဘယ်တော့မှမထားခဲ့ဘူး...စိတ်ချ"
"ကတိနော်...ကိုကိုကြီး"ငယ်လေးကသူ့လက်သန်းသေးသေးလေးကိုထောင်ပြီးကတိတောင်းခံနေတယ်...
"ကတိ..ကတိ"
လက်ချင်းချိတ်ပြီးကတိလုပ်နေကြတဲ့ကလေးနှစ်ယောက်ကိုကြည့်ပြီး...သူမအရမ်းကြည်နူးခဲ့ရပါတယ်...အကြီးကောင်ကလည်းသူ့ညီးလေးကိုအရမ်းချစ်တာဆိုတော့...သူမစိတ်ချမ်းသာရတာပေါ့...သူမလည်း အဝတ်တွေလဲပေးပြီး ကလေးတွေနဲ့အောက်ထပ်ဆင်းလာခဲ့တယ်...
အောက်ထပ်တွင်အသင့်စောင့်နေသော ယောက်ျားဖြစ်သူကိုကလေးတွေက
" အဖေကြီးရေ ..."
ဟုဆိုကာပြေးဖက်ကြတော့သည်...
"အမလေးဗျာ...ချွဲစိန်လေးတွေ...ကဲဘယ်သွားချင်လဲပြောကြ...ညနေကြရင်တော့...စားသောက်ဆိုင်တစ်ခုကိုသွားကြမယ်..."
အငယ်လေးကသွက်လပ်စွာဖြင့်
"တိရိစ္ဆာန်ရုံသွားမယ်..."
"သားငယ်...ဒီနေ့က ကိုကိုကြီးမွေးနေ့ဆိုတော့ ကိုကို့ကိုအရင်ရွေးခိုင်းလိုက်ပါ..."
ထိုအခါသားငယ်ကမျက်နှာငယ်လေးနဲ့သူ့အကိုကိုလှန်းကြည့်လိုက်သည်...
"ညီညီ့သဘောပါဘဲ...ဖေကြီးရယ်...သားကရတယ်"
လက်သီးလက်မောင်းတန်းကာသားငယ်က
"ရေးးးးးးကိုကိုကြီး အကောင်းဆုံးဘဲ..."
မိသားစုလေးယောက်ပျော်ရွှင်စွာနဲ့တစ်နေကုန်လျှောက်လည်ခဲ့ကြတယ်...ညနေမှာတော့ dinner လေးပြုလုပ်ဖို့ bookingလုပ်ထားတာတဲ့restaurantကိုထွက်လာခဲ့ကြတယ်...
ဆိုင်ကလမ်းညာဘက်အခြမ်းမှာရှိတယ်... Car Parkingမဆင်မပြေတာကြောင့် လမ်းဘယ်ဘက်မှာဘဲရပ်ခဲ့လိုက်ရတယ်...မိသားစုလေးယောက်ကားပေါ်ကဆင်းပြီး လမ်းဖြတ်ကူးဖို့လုပ်နေစဉ်...
"အကိုရေ နန်းဖုန်းကားပေါ်ကျန်ခဲ့တယ်ရော်...ပြန်သွားယူလိုက်အုံးမယ်"
"ရော့...ကားသော့နန်း...အကိုသားတွေနဲ့လမ်းကူးခဲ့လိုက်မယ်"
ထိုအချိနိမှာသားငယ်က
"သား မေကြီးနဲ့မှတူတူလာမယ်..."
ပြောရင်းဆိုရင်းသူ့အမေနောက်ပြေးလိုက်သွားသည်...သားကြီးနဲ့သူလည်းလမ်းတစ်ဖက်သို့လျှင်မြန်စွာကူးပြီးစောင့်နေလိုက်တယ်... ဖုန်းကို လှမ်းယူနေစဉ် ဖုန်းကို ကိုင်လိုက်ပြီး
"သား..လမ်းပေါ်မကူးသေးနဲ့နော်...မေကြီးဖုန်းခနပြောအုံးမယ်..."
သားဖြစ်သူက ဟိုဘက်လမ်းကိုအတင်းကူးသွားချင်နေပြီ...သူလည်းသားလက်ကိုဆွဲပြီး ဖုန်းပြောရင်းပေါ့...သူမလမ်းကူးတော့မယ်အထင်နဲ့ အတင်းပြေးသွားတဲ့သားငယ်...သူမသားဖြစ်သူရဲ့လက်ကိုသေချာကိုင်ထားမိမယ်ဆိုရင်...ဒီလိုအဖြစ်မျိုးဖြစ်စရာအကြောင်းမရှိပါဘူး...အခုမှာတော့ ...ပြေးသွားတဲ့သားငယ်ကို လှမ်းဆွဲလို့မမှီလိုက် လမ်းပေါ်ကိုလည်း ကုန်ကားတစ်စီးကအရှိန်နဲ့မောင်းလာတယ်...သူမမျက်လုံးကိုစုံသာမှိတ်ထားလိုက်တော့တယ်...
"တီ...တီ...ကျွီ........ဒုန်း......"
"အာ့....."
"သားငယ်.....သား.....ညီညီ....." လမ်းမပေါ်တွင် ကားဟွန်းတီးသံတွေရော လူတွေ၏ အော်သံတွေရော ဆူညံကုန်သည် အဲ့နေ့မှာဘဲ သားငယ်လေးက အဲ့နေရာမှာတင်သေဆုံးသွားခဲ့တယ်...အဲ့ဒီနောက်ပိုင်းသားကြီးက သူမကို စကားသိပ်မပြောတော့သလို...လူတွေနဲ့လည်းရောရောနှောနှောမနေတော့ဘူး...၅နှစ်သာလူ့လောကထဲနေခဲ့ရတဲ့သားလေး....မေကြီးကြောင့်ပါသားရယ်...တောင်းပန်ပါတယ်...

Be Happy Stories to obsess over. Discover now